Social, Education & Health
တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ ၁,၁၅၃ ဦးရှိ

ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့် ရရှိခဲ့သူ အရေအတွက်မှာ စုစုပေါင်း ၁,၁၅၃ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များ၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက် အရသိရသည်။
ဖေဖော်ဝါရီ ၅ ရက်တွင် တရုတ်နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရသူ၂၆၁ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆၃ ဦးရှိပြီး လူပေါင်း ၂၈,၀၁၈ ဦးရောဂါကူးစက်ခံထားကြောင်း နှင့် ရောဂါဒဏ်ခံစားနေရသည့် ပြည်နယ် ၃၁ ခုနှင့် ရှင်းကျန်းဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး နှင့် ရောဂါတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)