Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ လူဦးရေမှာ ဆယ်စုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှ ၀.၅၃ ရာခိုင်နှုန်း မြင့်တက်လျက်ရှိ

ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီးရှိ လူဦးရေသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် ပျမ်းမျှ ၀.၅၃ ရာခိုင်နှုန်း မြင့်တက်လျက်ရှိကြောင်း မနှစ်ကကောက်ယူခဲ့သော ခုနှစ်ကြိမ်မြောက် နိုင်ငံ၏သန်းခေါင်စာရင်းအချက်အလက်များကို ကိုးကားလျက် အမျိုးသား စာရင်းအင်းဗျူရို (NBS) က မေ ၁၁ ရက်၌ ပြောကြားခဲ့သည်။လူဦးရေပျမ်းမျှတိုးတက်နှုန်းမှာ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်တိုးတက်မှုအနေဖြင့် ၀.၅၇ ရာခိုင်နှုန်းအောက် အနည်းငယ်လျော့နည်းခဲ့ကြောင်း NBS က အရ သိရသည်။

“အချက်အလက်တွေက တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အနည်းငယ်တိုးတက်မှုကို ဆက်လက်ထိန်းထားနေပါတယ်” ဟု NBS အကြီးအကဲ Ning Jizhe က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံ့သန်းခေါင်စာရင်းကို ၁၉၉၀ ပြည့်နှစ်မှစ၍ ၁၀ နှစ်တစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။ ပြည်မကြီးရှိ နိုင်ငံ၏ လူဦးရေမှာ ၁.၄၁၁၇၈ ဘီလီယံရောက်ရှိလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ ၅.၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နောက်ဆုံးရ သန်းခေါင်စာရင်းအချက်အလက်၌ ဖော်ပြထားသည်။

အဆိုပါ ကိန်းဂဏန်းများတွင် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ် ဒေသခံများနှင် ပြည်မကြီးရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြူနီစီပယ်ဒေသ ၃၁ ခုတွင် နေထိုင်သော နိုင်ငံခြားသားများ မပါဝင်ကြောင်း NBS ဖော်ပြချက်အရ သိရသည်။ (Xinhua)
—————————————
(English Version)

China’s population grows 0.53 pct on average annually in past decade
2021-05-11 11:33:16
BEIJING, May 11 (Xinhua) — China’s population on the mainland has grown by an average annual rate of 0.53 percent from 2010 to 2020, the National Bureau of Statistics (NBS) said Tuesday, citing data from the seventh national census conducted last year.
The rate was slightly lower than the average annual growth of 0.57 percent from 2000 to 2010, according to the NBS.
“Data shows that China’s population has continued to maintain slow growth in the past decade,” said Ning Jizhe, head of the NBS.
China has conducted a national census every 10 years since the 1990s. The country’s population on the mainland has reached 1.41178 billion, up 5.38 percent from 2010, the latest census data showed.
The figure does not include Hong Kong, Macao, and Taiwan residents and foreigners who live in the mainland’s 31 provinces, autonomous regions, and municipalities, according to the NBS. Enditem
Dulong residents dance on a square in Dulongjiang Township of Gongshan Dulong and Nu Autonomous County, southwest China’s Yunnan Province, Oct. 31, 2020. (Xinhua/Hu Chao)