Connect with us

Social, Education & Health

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ယာယီဆေးရုံ ၁၄ ရုံ ပိတ်သိမ်း

ကျန်းဟန်ယာယီဆေးရုံမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အများဆုံးဖြစ်ပွားရာ ဝူဟန့်မြို့တွင် COVID-19 လူနာအရေအတွက် ဆက်တိုက်လျော့ကျလာသဖြင့် မတ် ၉ ရက်၌ အများပြည်သူအသုံးပြုသော အဆောက်အအုံမှ ယာယီဆေးရုံအဖြစ် ပြောင်းလဲထားသည့် နောက်ထပ်ဆေးရုံတစ်ရုံကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မတ် ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃:၀၀ နာရီက ကျန်းဟန် ယာယီဆေးရုံမှ နောက်ဆုံးအသုတ် လူနာ ၃၄ ဦး ဆေးရုံမှ ဆင်းခွင့်ရကာ ဆရာဝန်များအား လက်ပြနှုတ်ဆက်ခဲ့ကြသည်ကို တွေ့ရသည်။

ကျန်းဟန်ယာယီဆေးရုံမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူအား တွေ့ရစဉ် (ဆင်ဟွာ)

ကျန်းဟန်ယာယီဆေးရုံမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူအား တွေ့ရစဉ် (ဆင်ဟွာ)

ကျန်းဟန်ယာယီဆေးရုံမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ကျန်းဟန်ယာယီဆေးရုံပိတ်သိမ်းမှုအခမ်းအနားတွင် နိုင်ငံတော်အလံ ဝှေ့ယမ်းပြနေသည့် သူနာပြုတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ကျန်းဟန်ယာယီဆေးရုံအား မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“သင်၏ ဆေးရုံဆင်းခွင့်က ကျန့်ဟန်ယာယီဆေးရုံပိတ်သိမ်းမှုရဲ့ အထိမ်းအမှတ်ဖြစ်တယ်” ဟု လွန်ခဲ့သည့် ၃၄ ရက်တာအတွင်း ကျန်းဟန်ဆေးရုံအား လည်ပတ်ခဲ့သော ဝူဟန့် ယူနီယံဆေးရုံ ဥက္ကဋ္ဌ ဟူယွီက မျိုးရိုးအမည် ကော ဟူသော အမျိုးသမီးအား ဆေးရုံဆင်းခွင့်လက်မှတ်ပေးအပ်ရင်း ပြောကြားခဲ့သည်။

ကောသည် လည်ချောင်းတဝိုက် မသက်မသာခံစားခဲ့ရပြီးနောက် မတ် ၂ ရက်တွင် ဆေးရုံတက်ရောက်ခဲ့သူဖြစ်သည်။ “ဆရာဝန်တွေက အရမ်းကောင်းကြပါတယ်။ ဆေးရုံတစ်ခုဆိုတာထက် မိသားစုကြီးတစ်ခုမှာ နေထိုင်နေရတယ်လို့ ကျွန်မခံစားရတယ်” ဟု ကောက ဆိုသည်။

ကျန့်ဟန်ဆေးရုံသည် ဝူဟန့် နိုင်ငံတကာ ပြပွဲစင်တာအား ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဝူဟန့်မြို့တွင် ပိတ်သိမ်းခဲ့သော ယာယီဆေးရုံအရေအတွက်မှာ ၁၄ ရုံအထိ ရှိလာခဲ့ကြောင်း သိရသည်။

ဝူဟန့်မြို့တွင် ရောဂါလက္ခဏာမပြင်းထန်သူများအား ကုသရန်နှင့် ရောဂါကူးစက်မှု အရင်းအမြစ် သီးခြားခွဲထားရန်အတွက် ပြခန်းစင်တာများနှင့် အားကစားရုံများအား ယာယီဆေးရုံများအဖြစ် ပြောင်းလဲခဲ့သည်မှာ ၁၆ ရုံရှိကြောင်း၊ အဆိုပါဆေးရုံများ၌ လူ ၁၂,၀၀၀ ဦးခန့် ကုသမှုပေးခဲ့ကြောင်း ဝူဟန့်မြို့ COVID-19 ထိန်းချုပ်ရေးဌာနချုပ်ထံမှ သိရသည်။

ကျန်ရှိသော ယာယီဆေးရုံနှစ်ခုကိုလည်း မတ် ၁၀ ရက်တွင် ပိတ်သိမ်းနိုင်ရန် မျှော်လင့်ထားကြောင်း ဌာနချုပ်က ဆိုသည်။  (Xinhua)