Connect with us

Social, Education & Health

တရုတ် လယ်သမား တစ်ဦးက ယူနစ် ၇၃၁ အကြောင်း ဝတ္ထု ရေးသား

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်ကျင်း ဒေသ ဟာဘင်မြို့ ရှိ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့အသုံးပြုခဲ့သော ဇီဝစစ်ပွဲ သုတေသနဌာန ယူနစ် ၇၃၁ အဆောက်အအုံဟောင်း အား တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဟာဘင်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်ကျင်း ဒေသက လယ်သမားတစ်ဦး က ဟာဘင်မြို့ရှိ နာမည်ဆိုးဖြင့် ကျော်ကြား သော ဂျပန်စစ်တပ်၏ ယူနစ် ၇၃၁ (Unit 731) တွင် အဓ္ဓမ ခိုင်းစေခံရသော အလုပ်သမားများ၏ ဘဝ အတွေ့အကြုံများကို အခြေခံထားသော ဝတ္ထု တစ်ပုဒ် ရေးသားထားကြောင်း သိရသည်။

စာရေးသူ ကျွီပင်းနန်သည် အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး စာလုံးရေ ၈ သိန်းပါသော အဆိုပါ ဝတ္ထုကို ၆ နှစ်ကြာ ရေးသားခဲ့ရသည်။ ဝတ္ထုကို Heibao ဟု အမည်ပေးထားပြီး ယင်းမှာ ၁၉၄၂ ခုနှစ် မတိုင်မီက ရှိခဲ့သော ယူနစ် ၇၃၁ ၏ အမည် ဖြစ်ကြောင်း သိရသည်။

ထိုနေရာသည် ဒုတိယ ကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် အခြေစိုက်ထားသော ဇီဝစစ်ပွဲ နှင့် ဓာတုစစ်ပွဲ သုတေသန ထိပ်တန်း လျှို့ဝှက် နေရာ တစ်ခုဖြစ်သည်။

ကျွီသည် ပြီးခဲ့သော တစ်ပတ်က ယူနစ် ၇၃၁ အဆောက်အုံဟောင်းများ တည်ရှိရာ ဖိန်းဖန် (Pingfang) ဒေသဆိုင်ရာ အစိုးရထံသို့ ဒုတိယ ကမ္ဘာစစ်ပြီး နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် သူ၏ စာအုပ်များအား လှူဒါန်းခဲ့ပါသည်။

ကျွီကို ယူနစ် ၇၃၁ အနီးရှိ Pingle ရွာတွင် မွေးဖွားခဲ့ပြီး ကလေး ဘဝအရွယ်တွင် ယူနစ် ၇၃၁ တွင် အဓမ္မ လုပ်ခိုင်းခံခဲ့ရ သော သူတို့၏ အတွေ့အကြုံများအား ကြားသိခဲ့ရသည်။

“ ၁၉၇၂ ခုနှစ်တွင် ကျွန်တော် ကျောင်းထွက်ခဲ့ပြီး သူတို့ရဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်” ဟု ကျွီ ကပြောခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ကျွီသည် ရွာသုံးဆယ်ကျော်မှ အဓမ္မ ခိုင်းစေခံရသော လူပေါင်း တစ်ရာကျော်အား တွေ့ဆုံမေးမြန်း ထားပါသည်။ ထိုလူတွေဟာ သူ့ရဲ့ ဝတ္ထုထဲမှာ ရှေ့ပြေး ဇာတ်ကောင်တွေ ဖြစ်လာခဲ့ပါသည်။

ကျွီ တွေ့ဆုံမေးမြန်းခဲ့တဲ့ အထဲက တစ်ဦးတည်းသော သက်ရှိထင်ရှား ကျန်ရှိသူ အသက် ၈၀ နှစ် အရွယ် Mei Shixue က ကျွန်ုပ်တို့ဟာ ဂျပန် ကျူးကျော်သူတွေရဲ့ ရက်စက်သော လုပ်ရပ်များအတွက် အဓိက မျက်မြင် သက်သေများ ဖြစ်ကြောင်း ပြောပါသည်။
ယူနစ် ၇၃၁ ကို ဟာဘင် မြို့တွင် ၁၉၃၅ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.