Connect with us

Social, Education & Health

တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေးတာဝါတိုင်များအားလုံး တည်ဆောက် ပြီးစီး

ဗီယင်ကျန်း ၊ မေ ၁၇ ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေး တာဝါတိုင် ၆၇ ခုစလုံး၏ တည်ဆောက်မှုများသည် ပြီးစီးသွားခဲ့ပြီဖြစ်ရာ စီမံကိန်း၏ အဓိကတိုးတက်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။ရထားလမ်း၏ ဆက်သွယ်ရေးတာဝါတိုင်များအနက် ထက်ဝက်မှာ ရှုပ်ထွေးသော ပထဝီဝင်အနေအထားများ နှင့် အသွားအလာ နည်းပါးသော အခြေအနေများ နှင့်အတူ အပူပိုင်းဒေသ လူမနေထိုင်သော တောင်ထူထပ်သည့် ဧရိယာတွင် တည်ရှိသဖြင့် တည်ဆောက်ရေးအတွက် အခက်အခဲ ဖြစ်ခဲ့ရကြောင်း လာအို-တရုတ် ရထားလမ်း ကုမ္ပဏီလီမိတက်၏ အထွေထွေမန်နေဂျာ Xiao Qianwen က ဆင်ဟွာသို့ မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏ မြောက်ပိုင်း၌ တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်တိုင်တွင် တရုတ်အင်ဂျင်နီယာများက တပ်ဆင်ရေး ပြုလုပ်နေသည်ကို တွေ့ရစဉ်(China Railway Construction Electrification Bureau Group Co., Ltd./Handout via Xinhua)

ယင်းကုမ္ပဏီသည် ရထားလမ်း တည်ဆောက်ရေး နှင့် လည်ပတ်မှုတို့အား လက်ခံဆောင်ရွက်ရန် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ အခြေစိုက်သော ဖက်စပ်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ၌ တရုတ်-လာအို ရထားလမ်း၏ Ban Ladhan မဲခေါင်မြစ် Super Major တံတားအား တွေ့ရစဉ်(ဆင်ဟွာ)

မိုးရာသီကာလအတွင်း လိုအပ်သော ပစ္စည်းများ နှင့် ကိရိယာတန်ဆာပလာ အမြောက်အများအား တည်ဆောက်ရေးနေရာများသို့ တိရစ္ဆာန်များဖြင့်သာ သယ်ယူခဲ့ရကြောင်း အထွေထွေမန်နေဂျာ Xiao Qianwen က ပြောကြားခဲ့သည်။

ရထားလမ်း၏ ဆက်သွယ်ရေး စီမံကိန်း ဆောင်ရွက်သည့် China Railway Construction Electrification Bureau Group ကုမ္ပဏီ(CRCC-EBG) မှ အဖွဲ့ခေါင်းဆောင် Li Chunsheng က ဆက်သွယ်ရေးတာဝါတိုင်အားလုံး တည်ဆောက်မှုသည် မေ ၁၅ ရက်တွင် ပြီးစီးခဲ့ကြောင်း ၊ COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုအပါအဝင် မြင့်မားသော အရည်အသွေးနှင့်အတူ အစီအစဉ်အတိုင်း တာဝါတိုင် တပ်ဆင်ရေး လုပ်ငန်းများ ပြီးစီးရန် ၎င်း၏ အဖွဲ့က ခက်ခဲသည့် တည်ဆောက်ရေး အခြေအနေများ ရင်ဆိုင်ရချိန်တွင် အသေးစိတ် အစီအစဉ်များအား ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံမှ အဆိုပြုသည့် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် နှင့် ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက်သော အချက်အချာတစ်ခု အဖြစ်သို့ ပြောင်းလဲရန် လာအိုနိုင်ငံ၏ မဟာဗျူဟာ စီမံကိန်း ဖြစ်ကြောင်း သိရသည်။

ကီလိုမီတာ ၄၀၀ ကျော်ရှိသည့် ရထားလမ်းသည် တရုတ်နိုင်ငံ နှင့် နယ်နမိတ်ထိစပ်နေသော လာအိုနိုင်ငံ မြောက်ပိုင်းရှိ Boten နယ်စပ်ဂိတ်မှ ဗီယင်ကျန်းသို့ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အမြန်နှုန်းဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားစနစ်ဖြင့် ခရီးသည် နှင့် ကုန်တင်ရထားလမ်းအား တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု နှင့် နည်းပညာစံနှုန်းများ အပြည့်အဝ အသုံးပြု၍ တည်ဆောက်ခဲ့ကြောင်း ၊ စီမံကိန်း တည်ဆောက်မှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန် နှင့် ယာဉ်အသွားအလာ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)
Construction of all communication towers along China-Laos railway completed
VIENTIANE, May 17 (Xinhua) — The construction of all 67 communication towers along the China-Laos railway has been completed, marking a major progress in the project.
Half of the railway’s communication towers are located in tropical uninhabited mountainous areas, with complex geographical conditions and poor traffic conditions, which has brought difficulties to the construction, Xiao Qianwen, the general manager of the Laos-China Railway Co., Ltd., told Xinhua on Sunday.
The company is a joint venture based in Lao capital Vientiane undertaking the construction and operation of the railway.
During the rainy season, large amounts of the needed materials and equipment can only be carried piggyback to the construction sites by pack animals, Xiao said.
Li Chunsheng, who heads the team from China Railway Construction Electrification Bureau Group Co., Ltd. (CRCC-EBG, simplified as EBG) to carry out the railway’s communication project, said the construction of all the communication towers was done on Saturday and that in order to complete the tower installation on schedule with high quality, his team made detailed arrangements when confronting the difficult construction conditions, including the impact of COVID-19 pandemic.
The China-Laos Railway is a project between the China-proposed Belt and Road Initiative and Laos’ strategy to convert from a landlocked country to a land-linked hub.
The over-400-km railway will run from Boten border gate in northern Laos bordering China, to Vientiane with an operating speed of 160 km per hour.
The electrified passenger and cargo railway is built with the full application of the Chinese management and technical standards. The construction of the project started in December 2016 and is scheduled to be completed and open to traffic in December 2021. ■