Connect with us

Social, Education & Health

တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံ တောင်ပိုင်းတွင် ကျင်းပ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့လယ်မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တတိယအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းတွင် နိုဝင်ဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး စီမံခန့်ခွဲမှု၏ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရန်၊ တရုတ်နိုင်ငံနှင့် အာဆီယံအကြား ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ကာလရှည် ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းအသစ် အဆင့်မြှင့်တင်ခြင်းနှင့် နက်နက်ရှိုင်းရှိုင်းရှိခြင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံအကြား COVID-19 ရောဂါကဲ့သို့ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများကို ပူးတွဲတုံ့ပြန်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာခြင်းများအတွက် ဆက်လက်ပံ့ပိုးပေးရန် အဆိုပြုခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် ပထမဆုံးဖိုရမ် စတင်ကျင်းပခဲ့ချိန်မှစ၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကူးစက်ရောဂါ ထိန်းချုပ်ရေး၊ တိုင်းရင်းဆေးဝါးများ၊ ကျန်းမာရေးလုပ်ငန်း၊ လူသားအရင်းအမြစ်နှင့် ဆေးရုံစီမံခန့်ခွဲမှု စသည့် နယ်ပယ်များ၌ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် အကြီးအကဲ မာရှောက်ဝေက ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့သည်။

မျှော်လင့်မထားသော COVID-19 ကပ်ရောဂါကို ရင်ဆိုင်လျက် တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီထောက်ပံ့မှုများ အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း ကွမ်ရှီးဒေသ ဒုတိယဥက္ကဋ္ဌ ဟွမ်ကျင်ဟွာက ပြောခဲ့သည်။

“ကျွန်တော်တို့တွေ ဒီဖိုရမ်ရဲ့ အကျိုးကျေးဇူးတွေကနေ တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းတွေ ပိုမိုတိုးတက်ဖို့နဲ့ COVID-19 တိုက်ဖျက်ရေးမှု ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းစေဖို့ မျှော်လင့်ပါတယ်” ဟု ဟွမ်က ဆိုသည်။

နှစ်ရက်ကြာကျင်းပသည့် အဆိုပါ ဖိုရမ်ကို တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၊ တရုတ်တိုင်းရင်းဆေးဝါး စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကွမ်ရှီးဒေသဆိုင်ရာ အစိုးရတို့က ပူးပေါင်း၍ အွန်လိုင်းနှင့် အော့ဖ်လိုင်း (offline) ပုံစံနှစ်မျိုးဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)