Connect with us

Social, Education & Health

ဟောင်ကောင်ဒစ်စနေးအပန်းဖြေဥယျာဉ်ကို နှစ်လကြာပိတ်ထားခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်

စက်တင်ဘာ ၂၅ ရက်၌ တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဟောင်ကောင်ဒစ်စနေးဥယျာဉ် မြင်ကွင်း(ဆင်ဟွာ)

ဟောင်ကောင် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဟောင်ကောင်ဒစ်စနေးအပန်းဖြေဥယျာဉ်အား အချိန်နှစ်လကြာပိတ်ထားခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်တွင် တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်များကိုပြန်လည်လက်ခံခဲ့သည်။

ယခုအကြိမ် ပြန်လည်ဖွင့်လှစ်ခြင်းက ဟောင်ကောင်ဒစ်စနေးအပန်းဖြေဥယျာဉ်၏ ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၊ COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဟောင်ကောင်ဒစ်စနေးအပန်းဖြေဥယျာဉ်အား ယခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပိတ်ထားမည့်အကြောင်း ကြေညာခဲ့ပြီး ကပ်ရောဂါ အခြေအနေပြန်လည်ကောင်းမွန်လာခဲ့ပြီး ၅ လခန့်အကြာ ဇွန်လ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ၊ သို့သော်ဒေသတွင်းကပ်ရောဂါ ပြန့်ပွားမှု ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ဟောင်ကောင်ဒစ်စနေးအပန်းဖြေဥယျာဉ်အား ဇူလိုင်လလယ်ပိုင်းအချိန်တွင် ထပ်မံပိတ်ထားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၂၅ ရက်၌ တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဟောင်ကောင်ဒစ်စနေးဥယျာဉ် မြင်ကွင်း(ဆင်ဟွာ)

စက်တင်ဘာ ၂၅ ရက်၌ တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဟောင်ကောင်ဒစ်စနေးဥယျာဉ် မြင်ကွင်း(ဆင်ဟွာ)

စက်တင်ဘာ ၂၅ ရက်၌ တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဟောင်ကောင်ဒစ်စနေးဥယျာဉ် မြင်ကွင်း(ဆင်ဟွာ)

အပန်းဖြေဥယျာဉ်သို့ လာရောက်သောဧည့်သည်များနှင့် ဝန်ထမ်းတို့၏ လုံခြုံရေးအတွက် အပန်းဖြေဥယျာဉ် ပြန်လည်ဖွင့်လှစ်ချိန်တွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အသေးစိတ်ဆောင်ရွက်ခဲ့ကြောင်း ၊ လာရောက်လည်ပတ်မည့် ဧည့်သည်အနေဖြင့် လက်မှတ်အား အင်တာနက်မှကြိုတင်မှာယူရမည်ဖြစ်ပြီး အပန်းဖြေဥယျာဉ်အတွင်းသို့ ဝင်ရောက်ရာတွင် ကိုယ်အပူချိန်တိုင်းခံရမည်ဖြစ်ပြီး မဖြစ်မနေနှာခေါင်းစည်း တပ်ဆင်ရမည်ဖြစ်ကြောင်း ၊ ဥယျာဉ်အတွင်းဝန်ထမ်များက သန့်ရှင်းရေး နှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဟောင်ကောင် ဒစ်စနေးဥယျာဉ်ပြောရေးဆိုခွင့်ရှိသူက ဥယျာဉ်ပြန်လည်ဖွင့်လှစ်ခဲ့ရာတွင် ဧည့်သည်များလွန်စွာတက်ကြွခဲ့ကြပြီး လာမည့်တစ်ပတ်အတွက် လက်မှတ်အားလုံးရောင်းချခဲ့ပြီးဖြစ်ကြောင်း ၊ ဟောင်ကောင်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်များကို လိုက်နာသည့်အနေဖြင့် ဟောင်ကောင်ဒစ်စနေး အပန်းဖြေဥယျာဉ်အား တစ်ပတ်လျှင် ၅ ရက်သာဖွင့်လှစ်မည်ဖြစ်ပြီး အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တို့တွင် ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ကမ္ဘာ့အကြီးဆုံးဒစ်စနေးဥယျာဉ် ၆ ခုအား အသီးသီးပိတ်ထားခဲ့ကြပြီး မေလ ၁၁ ရက် တွင် ရှန်ဟိုင်းဒစ်စနေးအပန်းဖြေဥယျာဉ်အား ပြန်လည်ဖွင့်လှစ်ခဲ့ကာ COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ပထမဦးဆုံးပြန်လည်ဖွင့်လှစ်ခဲ့သည့် ဒစ်စနေးအပန်းဖြေဥယျာဉ်ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.