Connect with us

Social, Education & Health

ဘီးတပ်ကုလားထိုင်ပေါ်ကသာယာချမ်းမြေ့သောဘဝကိုကြိုးစားလျှောက်လှမ်းနိုင်ခဲ့သူ

ရင်ချွမ်း၊ စက်တင်ဘာ၂၃ ရက် (ဆင်ဟွာ)

အသက် ၄၄ နှစ် ရှိပြီဖြစ်သည့် ဟဲဝန်ဟွား၏ ဇာတိသည် နင်းရှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှီးဟိုင်ကုတောင်တန်းဒေသ ကျုံးဝေ့မြို့ဟိုင်ယွမ်ခရိုင် ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ကျေးရွာလေးပင်ဖြစ်သည်။

ယင်းဒေသတွင် မိုးရေချိန်နည်းပါး ခြောက်သွေ့သောကြောင့် လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် ခက်ခဲရာသူနှင့် သူ့အမျိုးသားမာကျစ်လီတို့နှစ်ဦး မဖြစ်မနေတစ်နယ်တစ်ကျေးသို့သွား၍ အလုပ်လုပ်ကိုင်ကြရသည်။

၂၀၁၁ ခုနှစ် ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ဖြတ်ကုသမှုခံယူလိုက်ရသည့် ဟဲဝန်ဟွားသည် သွားလာမလှုပ်ရှားနိုင်တော့ခြင်းကြောင့် မူလကဆင်းရဲနွမ်းပါးလှသည့် သူတို့၏ မိသားစုဘဝမှာ ပို၍ခက်ခဲကျပ်တည်းလာခဲ့သည်။ ရုတ်ခြည်းကျရောက်လာသည့် ကံကြမ္မာဆိုးကြောင့် ဟဲဝန်ဟွားသည် မျှော်လင့်ချက်ကင်းမဲ့စိတ်ဓါတ်ကျခဲ့ရသည်။ နောက်ပိုင်း အမျိုးသားဖြစ်သူမာကျစ်လီ၏ ပြုစုစောင့်ရှောက်အားပေးမှုကြောင့် အသက်ရှင်ရန် ယုံကြည်ချက်ပြန်ရှိလာခဲ့ခြင်းဖြစ်သည်။

ဘီးတပ်ကုလားထိုင်ပေါ်က သာယာချမ်းမြေ့သောဘဝကို ကြိုးစားလျှောက်လှမ်းနိုင်ခဲ့သူ ဟဲဝန်ဟွား၏ နေ့စဉ်ဘဝပုံရိပ်များအား တွေ့ရစဉ်(ဆင်ဟွာ )

၂၀၁၅ ခုနှစ်တွင် နင်းရှဂေဟဗေဒလူဝင်မှုကြီးကြပ်ရေးစီမံကိန်းများ တွန်းအားပေး ဆောင်ရွက်ကြသည့်အခါ ဟဲဝန်ဟွာတို့မိသားစုသည် လူမှုဝင်ကြီးကြပ်ရေး ပြန်လည်နေရာချထားပေးသည့် ဒေသဖြစ်သော ဝူကျုံးမြို့ဟုန်စစ်ပေါင်သို့ပြောင်းရွှေ့နေထိုင်ခဲ့ရာ ဘဝသစ်ကိုပြန်လည် စတင်နိုင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဟဲဝန်ဟွားတို့မိသားစုကို ဆင်းရဲနွမ်းပါးသော မိသားစုစာရင်းထည့်သွင်းပေးခဲ့သောကြောင့် မူဝါဒများ၏ ကူညီထောက်ပံ့မှုများဖြင့် နွားမွေးမြူခြင်း၊ လယ်စိုက်ခြင်း၊ နေအိမ်အသစ်ဆောက်လုပ်နေထိုင်နိုင်ခဲ့ရာ စားဝတ်နေရေးအခြေခံ အာမခံချက်ရရှိခဲ့သည်။

ဘီးတပ်ကုလားထိုင်ပေါ်က သာယာချမ်းမြေ့သောဘဝကို ကြိုးစားလျှောက်လှမ်းနိုင်ခဲ့သူ ဟဲဝန်ဟွား၏ နေ့စဉ်ဘဝပုံရိပ်များအား တွေ့ရစဉ်(ဆင်ဟွာ )

ပြန်လည် ကျန်းမာလာရန် အိပ်ရာထဲလဲလျောင်းနေရသည့် နေ့ရက်များတွင် စမတ်လက်ကိုင်ဖုန်းတစ်လုံးက ဟဲဝန်ဟွာနှင့်အပြင်လောကကို ဆက်သွယ်ပေးသည့်အရာဖြစ်ခဲ့သည်။ အွန်လိုင်းချည်ထိုးလက်မှုသင်တန်းများက ဉာဏ်ကောင်းလက်မှုအတတ်မြန်သည့် ဟဲဝန်ဟွေ့အတွက် အထူးစိတ်ဝင်စားစရာဖြစ်ခဲ့ရာ ထိုမှစ၍ ချည်ထိုးလက်မှုအနုပညာကို စတင်သင်ယူခဲ့သည်။

ဟုန်ယာကျေးရွာ ဆင်းရဲနွမ်းပါးမှု ကူညီထောက်ပံ့ရေးအဖွဲ့  အဖွဲ့ဝင်လျှိုစစ်နျဲ့ အိမ်ထောင်စုများကို သွားရောက်လေ့လာရာတွင် ဟဲဝန်ဟွား၏ မိသားစုအခြေအနေနှင့် သူ၏ချည်ထိုးလက်မှုပညာအပေါ် စိတ်ဝင်စားမှုရှိသည်ကိုသိရခဲ့ပြီး အွန်လိုင်းတွင် သူ့အတွက်အကောင့်တစ်ခုဖွင့်ပေးကာ အွန်လိုင်းရောင်းချနိုင်ရန် စီစဉ်ပေးခဲ့သည်။

ဘီးတပ်ကုလားထိုင်ပေါ်က သာယာချမ်းမြေ့သောဘဝကို ကြိုးစားလျှောက်လှမ်းနိုင်ခဲ့သူ ဟဲဝန်ဟွား၏ နေ့စဉ်ဘဝပုံရိပ်များအား တွေ့ရစဉ်(ဆင်ဟွာ )

ကိုယ်တိုင်ရက်လုပ်သည့် ပထမဆုံးဦးထုပ်ရောင်းချနိုင်ခဲ့သည့် အချိန်မှစ၍ အွန်လိုင်းသည် ဟဲဝန်ဟွားအတွက်ပ စ္စည်းအမှာစာနှင့်ဝင်ငွေများပို၍ တိုးပွားအောင်ဆောင်ကြဉ်ပေးနိုင်ခဲ့ရာ၂၀၁၉ ခုနှစ်တွင် ဟဲဝန်ဟွားတို့မိသားစုသည် ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းခဲ့ပြီဖြစ်သည်။

မိမိ၏ လက်နှစ်ဖက်နှင့် ဆင်းရဲနွမ်းပါးမှုနွံမှ အလွတ်ရုန်းထွက်နိုင်ခဲ့သောကြောင့် ဟဲဝန်ဟွားသည် ကျေးရွာရှိတစ်ကျေးရွားတည်းသားညီအမများကို လက်မှုချည်ထိုးလုပ်ငန်းတွင်ပါဝင်ရန် လှုံဆော်ပေးသလို အနီးကျေးရွာရှိအမျိုးသမီးများကိုလည်း အခမဲ့ချည်ထိုးလက်မှုပညာသင်ပေးခဲ့သည်။

လက်ရှိတွင် ဟဲဝန်ဟွားဦးဆောင်၍ အမျိုးသမီး၂၀ကျော်က အွန်လိုင်းလက်မှုပစ္စည်းရောင်းချမှုများလုပ်ငန်း လုပ်ဆောင်လျက်ရှိရာ တစ်ဦးလျှင်လစဉ်ဝင်ငွေ တရုတ်ယွမ်ငွေ၂,၀၀၀ကျော် ရရှိကြောင်းသိရသည်။

“ချည်ထိုးလုပ်ငန်းစလိုက်တဲ့အချိန်ကစပြီး ကျွန်မဘဝက ပြန်လည်အသက်ဝင်လာတာပါ။ ခြေနှစ်ဖက်နဲ့လမ်းမလျှောက်နိုင်ပေမယ့် ညီအမတွေရဲ့အားပေးထောက်ခံမှုတွေကြောင့် ဘဝကအဖိုးတန်အဓိပ္ပါယ်ရှိလာတယ်”ဟု ဟဲဝန်ဟွားကဆိုသည်။  (Xingua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.