Connect with us

Social, Education & Health

အဖွဲ့ဝင် ၃,၀၀၀ ရှိသည့် ဂျပန် ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံသို့ လည်ပတ်

ဂျပန်နိုင်ငံ Liberal Democractic ပါတီ၏ အထွေထွေ ကောင်စီ ဥက္ကဌ Toshihiro Nikai (ညာဘက် မှ ဒုတိယ)အား မေလ ၁၅ ရက်နေ့က တိုကျိုမြို့တွင် ပြုလုပ်သည့် လည်ပတ်ရေး အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ မေ ၂၂ ရက် (ဆင်ဟွာ)

အဖွဲ့ဝင် ၃,၀၀၀ ရှိသည့် ဂျပန် ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံသို့ မေလ ၂၂ ရက် နေ့ တွင် ရောက်ရှိလာကာ ထိုခရီးစဉ်သည် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်စေရန် မျှော်လင့်ကြောင်း လေ့လာသူများက ပြောကြားသည်။

ထို အလည်အပတ် ခရီးကို ဂျပန်နိုင်ငံ Liberal Democractic ပါတီ၏ အထွေထွေ ကောင်စီ ဥက္ကဌ Toshihiro Nikai က ဦးဆောင် စီစဉ် ခဲ့ကြောင်း တရုတ် အမျိုးသား ခရီးသွား လုပ်ငန်းဦးစီး ဌာန အကြီးအကဲ Li Jinzao ကဆိုသည်။

၎င်း ဂျပန် ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်ပြီး ၎င်းအဖွဲ့တွင် ဒေသဆိုင်ရာ အစိုးရအဖွဲ့ နှင့်အတူ စီးပွားရေး လုပ်ငန်းကြီးများမှ အကြီးအကဲများလည်း ပါဝင်သည်။

လည်ပတ်သည့် ဂျပန် ကိုယ်စားလှယ် အဖွဲ့ကို အဖွဲ့ ၈၀ ခွဲကာ ပေကျင်း ၊ ထျန်းကျင်း (Tianjin) ၊ ဟယ်ပေ (Hebei) ၊ လျောင်နင် (Liaoning) ဒေသများကို လည်ပတ်ရန်မည်ဖြစ်ပြီး ယဉ်ကျေးမှု ၊ ခရီးသွားလုပ်ငန်း ၊ ကုန်သွယ်မှုများ စသည် တို့ကို လေ့လာ မည်ဖြစ်သည်။

ဤကဲ့သို့ နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန် လည်ပတ်ခြင်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာပြီး ခရီးသွား ကဏ္ဍကို အပြန်အလှန် အားပေးရန် မျှော်လင့်ကြောင်း Nikai က ပြောကြားသည်။

ယခု ခရီးစဉ် သည် Nikai မှစီစဉ်သော ၅ ကြိမ်မြောက် တရုတ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး ခရီးစဉ်ကြီး ဖြစ်သည်။ “ ယခု ကိုယ်စားလှယ် အဖွဲ့ရဲ့ခရီးစဉ်က ထင်ရှားတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဒါက တရုတ်-ဂျပန် ဆက်ဆံရေးကို ဖြည်းဖြည်းချင်း တိုးတက်လာစေဖို့ အရေးကြီးတဲ့ ခြေလမ်း တစ်ရပ် ဖြစ်ပါတယ်” ဟု တရုတ်ပြည် နိုင်ငံခြားရေးရာ တက္ကသိုလ်၏ လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဌာနက ပါမောက္ခ Zhou Yongsheng က ပြောကြားသည်။ (Xinhua)