Connect with us

Social, Education & Health

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့မှ နီပေါ နိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူရှိ ပြိုကျ နေသော အဆောက်အဦးမှ အသက် ရှင်နေသူ တစ်ဦးအား ကယ်ထုတ် လာစဉ် (Xinhua)

ခတ္တမန္ဒူ ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

နီပေါ နိုင်ငံ အစိုးရ၏ တောင်းဆိုမှုအရ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့သည် ၂၆ ရက်နေ့ ညနေပိုင်းတွင် နီပေါ နိုင်ငံ မြို့တော် ခတ္တမန္ဒူ ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ငလျင် ဖြစ်ပွားရာ ဒေသသို့ သွားရောက်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

နီပေါ နိုင်ငံ ဝန်ကြီးချုပ်နှင့် ကောင်စီ ဝန်ကြီးများရုံး တွဲဖက် အတွင်းရေးမှူး Shankar Prasad Koirala မှ လေဆိပ်တွင် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိခဲ့ခြင်း အတွက် ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး ငလျင်ဒဏ် အပြင်းအထန် ရင်ဆိုင်နေရသော နီပေါ နိုင်ငံ အတွက် လိုအပ်နေသော အကူအညီ ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဝူချွမ်းထိုက် (Wu Chuntai ) မှ တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အား လေဆိပ်သို့ လာရောက် ကြိုဆိုခဲ့သည်။

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့သည် ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင် ၆၂ ဦး ၊ ဆေးဝါးကုသရေး အဖွဲ့ဝင်များ၊ ငလျင်ပညာ ရှင်များနှင့် နည်းပညာ ပိုင်းဆိုင်ရာ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည်။ ကယ်ဆယ်ရေး အဖွဲ့နှင့်အတူ ဆေးဝါးနှင့် ကယ်ဆယ်ရေး ဆိုင်ရာ ပစ္စည်းများနှင့် အထူးလေ့ကျင့် ထားသော ကယ်ဆယ်ရေး လုပ်ငန်းသုံး ခွေး များလည်း သယ်ဆောင် လာခဲ့သည်။ ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင်၊ တရုတ် နိုင်ငံ ငလျင်ဌာန အရေးပေါ် ကယ်ဆယ်ရေး ဦးစီးမှူး ကျောက်မင် (Zhao Ming) ၏ ပြောကြားချက် အရ ကယ်ဆယ်ရေး အဖွဲ့ဝင် အများစုသည် ဝင်ချွမ်း၊ ရိဆု၊ လုဆန်း၊ ဂျပန်၊ ဟေတီ နှင့် ပါကစ္စတန် စသည့် ပြည်တွင်း ပြည်ပ ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့ပြီး အတွေ့အကြုံ များသော ကယ်ဆယ်ရေး အဖွဲ့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် စေလွှတ်သော တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့သည် ၁၀ ကြိမ် မြောက် ၁၂ ဖွဲ့မြောက် ပြည်ပ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး ဖြစ်သည်။

ဧပြီလ (၂၅) ရက်ဒေသ စံတော်ချိန် နေ့လယ် ၁၂ ခန့်တွင် နီပေါ နိုင်ငံ အလယ်ပိုင်းဒေသ တွင် ၇.၉ အဆင့် (တရုတ် နိုင်ငံ ငလျင် စခန်း တိုင်းတာ ချက် အရ ၈.၁ အဆင့်) ရှိ ပြင်းထန် သော ငလျင် လှုပ်ခတ် ခဲ့သည်။ ငလျင် ဗဟိုသည် နီပေါ မြို့တော် ခတ္တမန္ဒူ နှင့် ၇၅ ကီလိုမီတာ ကွာဝေးသော Gorkha ခရိုင် တွင် စတင်ခဲ့ပြီး ဆုံချက်အနက် သည် ၂၀ ကီလိုမီတာ ရှိသော ပြင်းထန်သည့် ဖျက်ဆီးရေး ငလျင် အမျိုးအစား ဖြစ်သည်။ နီပေါနိုင်ငံ ပြည်ထဲရေး၏ နောက်ဆုံး စာရင်းအရ သေဆုံးသူ ၂,၀၀၀ ကျော် ရှိခဲ့ပြီး ဒဏ်ရာရသူ ၅,၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117