Connect with us

Social, Education & Health

ကွန်ဖြူးရှပ် သင်တန်းကျောင်းပေါင်း ငါးရာ ပြည့်တော့မည်

ကွန်ဖြူးရှပ် ကြေးရုပ်ထု အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၁၃( ဆင်ဟွာ )

ကမ္ဘာ တစ်ဝှမ်းတွင် တရုတ် ကွန်ဖြူးရှပ် သင်တန်းကျောင်း ၄၉၀ ကျော် ဖွင့်ခဲ့ပြီးနောက် ယခုနှစ်မကုန်မီ တွင် ကျောင်း အရေအတွက် ငါးရာ အထိ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။

ကွန်ဖြူးရှပ် သင်တန်းကျောင်း ရုံးချုပ် ၏ အမှုဆောင် အရာရှိချုပ် ရွှီလင်း က ပြည်ပ ဒါရိုက်တာ အားလုံး ယခုနှစ်မကုန်မီတွင် တရုတ်နိုင်ငံတွင် သင်တန်း တက်ရဖို့ ရှိပါသည်။ ရှန်ဟိုင်းမြို့တွင် ကျင်းပ နေသော အစည်းအဝေးပွဲ တစ်ခုတွင် ရွှီက ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အစည်းအဝေးပွဲကို နိုင်ငံ ၂၁ နိုင်ငံက ပြည်ပ ဒါရိုက်တာ ၃၆ ဦး တက်ရောက်ကြပါသည်။

သင်တန်းကျောင်းများ အနေနှင့် သက်ဆိုင်ရာ နိုင်ငံများ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျ ဖြစ်သင့် ကြောင်း၊ဒါတွေဟာ ရေရှည်တည်တံ့ ဖွံ့ဖြိုးမှု အတွက် အရေးပါကြောင်း ရွှီက ပြောပါသည်။

ကိုးရက်ကြာ အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးခြင်း၊ လေ့လာရေး၊ တရုတ်ရိုးရာ စဉ်လာလေ့လာမှု၊ သံခင်းတမန်ခင်း ဆက်ဆံရေးနည်း ၊ စီးပွားရေး နှင့် တရုတ်တိုင်းရင်း ဆေးပညာ စသည်တို့ ပါဝင်ပါသည်။

ကွန်ဖြူးရှပ် သင်တန်းကျောင်းသည် အကျိုးအမြတ် မယူသောသင်တန်းကျောင်း ဖြစ်ပြီး တရုတ်ဘာ သာစကားနှင့် ယဉ်ကျေးမှု ကျယ်ပြန့်စေရန် ရည်ရွယ်ထားသော တရုတ်နိုင်ငံ ပညာရေး ဝန်ကြီးဋ္ဌာန၏ လက်အောက်ခံ ကျောင်း တစ်ခုဖြစ်ပါသည်။

ပထဆုံး သင်တန်းကျောင်းကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ၂၀၀၄ ခုနှစ်က ဖွင့်လှစ်ခဲ့ပါသည်။ (Xinhua)