Connect with us

Social, Education & Health

တရုတ်နိုင်ငံက ဆိုးလ်၊ တီဟီရန်နှင့် တိုကျိုသို့ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းမည်

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ဒယ်ဂူးမြို့သို့ လှူဒါန်းသော နှာခေါင်းစည်းသေတ္တာများအား ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြူနီစီပယ်က ဆိုးလ်၊ တီဟီရန်၊ တိုကျိုနှင့် ယိုကိုဟားမား မြို့များ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးလုပ်ငန်းအတွက် ကူညီရန် ကျန်းမာရေးသုံး သီးသန့်ဝတ်စုံများနှင့် လက်အိတ်များ အပါအဝင် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးသုံး သီးသန့်ဝတ်စုံ ၂၀၀,၀၀၀ ခန့်၊ လက်အိတ် အစုံ ၁၀၀,၀၀၀၊ ဖိနပ်အစွပ် အစုံ ၂၀၀,၀၀၀ နှင့် တစ်ခါသုံး ကျန်းမာရေးသုံးဦးထုပ် ၂၀၀,၀၀၀ လုံးတို့အား အထက်ပါမြို့များသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ပေကျင်း မြူနီစီပယ်အစိုးရ၊ ပြည်ပရေးရာရုံး ဒုတိယညွှန်ကြားရေးမှူး လီယီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ လှူဒါန်းသော နှာခေါင်းစည်းသေတ္တာများ အီရန်နိုင်ငံ တီဟီရန်မြို့သို့ ဖေဖော်ဝါရီ ၂၅ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

အဆိုပါ ပစ္စည်းများအပြင် လက်သန့်ဆေးရည်များ၊ Nucleic acid ၊ ရောဂါစမ်းသပ်ကိရိယာများ၊ စွမ်းရည်မြင့် ကိုယ်ပူချိန်တိုင်းကိရိယာနှင့် အသက်ရှူကိရိယာများလည်း လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

မြို့တော် ပေကျင်းအနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားစဉ်က ၎င်း၏ နိုင်ငံတကာညီအစ်မမြို့များမှ အားပေးမှုနှင့် လှူဒါန်းမှုများအတွက် အလွန်ပင်ကျေးဇူးတင်ကြောင်း လီက ပြောကြားခဲ့သည်။

“ယခုအခါ ကူးစက်ရောဂါမှာ တရုတ်နိုင်ငံတွင် အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း ကမ္ဘာအနှံ့ ဆက်လက်ပျံ့နှံ့လျက်ရှိပါတယ်။ ရောဂါတိုက်ဖျက်ရေးအတွက် အထက်ပါ မြို့လေးမြို့ကို ကူညီသွားချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

အတိအကျမသိရသေးသော စာရင်းအင်းများအရ ပေကျင်းမြို့သည် ပြည်ပမှအကူအညီများဖြစ်သော နှာခေါင်းစည်း အခုရေ ၁ ဒသမ ၁၃ သန်း၊ အကာအကွယ်ဝတ်စုံ ၂၂၀,၀၀၀ စုံ၊ လက်အိတ် ၇၅၀,၀၀၀ စုံနှင့် အခြားပစ္စည်းများကို လက်ခံရရှိခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.