Connect with us

Social, Education & Health

ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက ကဏ္ဍ ၅ ခုမှ ပံ့ပိုးကူညီ ဆောင်ရွက်မည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် တရုတ် ဆေးကုသရေးပညာရှင်အဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်များနှင့် ဆွေးနွေးနေသည်ကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက်(ဆင်ဟွာ) 

ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက ကဏ္ဍ ၅ ခုမှ ပံ့ပိုးကူညီဆောင်ရွက်မည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က မတ် ၁၁ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ သည် တစ်ကမ္ဘာလုံး နေရာအနှံ့အပြားတွင် လျင်မြန်စွာ ပြန့်ပွားလျက်ရှိရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ်အသွင် ပေါ်လွင်လာပြီဟုဆိုကြောင်း ၊ ကမ္ဘာ့ ကပ်ရောဂါအခြေအနေ နေ့စဉ်နှင့်အမျှ ဆိုးဝါးလာသည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း  သတင်းထောက်တစ်ဦးက မတ် ၁၁ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့သည်။ 

ထိုသို့ မေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ကိန်းစွမ်က တရုတ်နိုင်ငံ ပြည်သူများ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ ခက်ခက်ခဲခဲ ကြိုးပမ်းမှု များကြောင့် လက်ရှိ တရုတ်နိုင်ငံ၏ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအခြေအနေသည် အပြုသဘောဆောင် ကောင်းမွန်သည့် အခြေအနေကို ပြောင်းလဲလာပြီ ဖြစ်ရာ အရေးကြီးသည့် ရလဒ်အပိုင်းအခြားတစ်ခုကို ရရှိထားပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့အနေရာ အမြောက်အမြားတွင် COVID-19 ရောဂါ ဖြစ်ပွားပြန့်ပွားလျက်ရှိရာ နိုင်ငံအချို့၏ ရောဂါဖြစ်ပွားမှုအခြေအနေသည် ဆိုးဝါးကြောင်း ၊ နိုင်ငံ အသီးသီးက ဆွေးနွေးညှိနှိုင်း၍ လက်တွဲ အတူ ရောဂါတိုက်ဖျက်မှုများကို တိုးမြှင့်လုပ်ဆောင်ကာ ဒေသနှင့်ကမ္ဘာ၏ ပြည်သူ့ ကျန်းမာရေးလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးမှုနှင့်လိုအပ်မှုသည် တစ်ဆင့်ထပ်တိုးလာပြီဖြစ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်န်းများကို ဆက်လက် တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမည် ဖြစ်သလို ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကြိုးစား၍ ပါဝင်ပံ့ပိုး ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

 ထိုသို့ ဆောင်ရွက်သွားရာတွင် – 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် တရုတ် ဆေးကုသရေးပညာရှင်အဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်များနှင့် ဆွေးနွေးနေသည်ကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် တရုတ် ဆေးကုသရေးပညာရှင်အဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်များနှင့် ဆွေးနွေးနေသည်ကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် တရုတ် ဆေးကုသရေးပညာရှင်အဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်များနှင့် ဆွေးနွေးနေသည်ကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(၁) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်သွယ်ဆွေးနွေးညှိနှိုင်းမှုများ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ရောဂါ ဖြစ်ပွားမှုအခြေအနေ သတင်းအချက်အလက်များ အပြန်အလှန်ချိတ်ဆက်မှုရှိခြင်းသည် နိုင်ငံတကာအသိုက်အဝန်း တစ်စုတစ်စည်းတည်း ကပ်ရောဂါတိုက်ဖျက်ရေး၏ အရေးကြီး ကွင်းဆက် ဖြစ်သည်။ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် ဦးဆုံး ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့  ဗိုင်းရပ်စ်ရောဂါပိုး၏မျိုးရိုးဗီဇ ဖြစ်စဉ် (viral gene sequences)အချက်အလက်များကို အသိပေးမျှဝေခဲ့သလို သက်ဆိုင်ရာ နိုင်ငံနှင့်ဒေသများကို ရောဂါအခြေအနေနှင့်စပ်လျဉ်း၍ အသိပေး အကြောင်းကြားခဲ့သည်။ ဆက်လက်၍လည်း  ပွင့်လင်းမြင်သာစွာနှင့် ကမ္ဘာ့ ပြည်သူ့ ကျန်းမာရေးလုံခြုံမှုကို တာဝန်ယူမှုအပြည့်ဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာ အသိုက်အဝန်းအား သတင်းအချက်အလက်များကို အချိန်မီ မျှဝေအသိပေးသွားမည်ဖြစ်သလို  ဘက်ပေါင်းစုံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ ဒေသနှင့်ကမ္ဘာအတွက် ပူးတွဲရောဂါထိန်းချုပ်ရေးလုပ်ဆောင်မှုကို တွန်းအားပေး ဆောင်ရွက်သွားခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ကြိုးပမ်းကာကွယ်တားဆီးသွားမည်ဖြစ်သည်။ 

 

(၂) ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံများကို မျှဝေဖလှယ်သွားမည် ဖြစ်သည်။ လက်ရှိ တရုတ်နိုင်ငံက COVID-19ရောဂါ ကုထုံးနည်းလမ်း 7 ခု၊ ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်း ၆ခု ကို ထုတ်ပြန်ထားပြီဖြစ်ရာ ဘာသာစကားမျိုးစုံဖြင့် ပြန်ဆိုပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့်မျှဝေဖလှယ်ခဲ့သည်။ ယနေ့အချိန်ထိဆိုလျှင် တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ၊ အာဆီယံ၊ အာဖရိကသမဂ္ဂ၊ CARICOM ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း၊ တောင်ပစိဖိတ်ကျွန်းစု နိုင်ငံများ၊ တာ့ခ်မင်နစ္စတန်၊ အဇာဘိုင်ဂျန်၊ မောလ်ဒိုဗာ၊ဂျော်ဂျီယာစသည့် နိုင်ငံများနှင့် ဗွီဒီယို အစည်းအဝေး ပြုလုပ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အတွေ့အကြုံများကို ဖလှယ်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် သက်ဆိုင်ရာ နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ အပြန်အလှန်လေ့လာဖလှယ်မှုများ ပြုလုပ်သွားကာ ဒေသနှင့် ကမ္ဘာ့ ပြည်သူ ကျန်းမာရေးလုံခြုံမှု ကာကွယ်ထိန်းသိမ်းနိုင်ရေးစွမ်းရည်ကို ဆက်လက် အတူ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

 

(၃) လိုအပ်သည့် နိုင်ငံနှင့်ဒေသများကို ဆေးကုသရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ စေလွှတ်သွားမည် ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံသို့ ပညာရှင်အဖွဲ့စေလွှတ်ပြီးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိရာ ဒေသခံဌာနနှင့်ပြည်သူများ၏ ချီးမွမ်းအသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ အီတလီနိုင်ငံသို့လည်း ဆေးကုသရေးကျွမ်းကျင်ပညာရှင်အဖွဲ့စေလွှတ်ကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဝန်းရံကူညီလုပ်ဆောင်ရန် စီစဉ်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ထိုနည်းလမ်းဖြင့်  လိုအပ်သည့်နိုင်ငံများကို ကူညီပံ့ပိုးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ 

 

(၄) နိုင်ငံတကာ အသိုက်အဝန်းအား ဆေးဝါးအစရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများကို ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ရောဂါပိုးမွှားသည် မေတ္တာမရှိသော်လည်း လူသားများ၏ မေတ္တာတရားသည် အစဉ်ထာဝရတည်ရှိနေသည်။ တရုတ်နိုင်ငံ အစိုးရသည် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား အမေရိကန်ဒေါ်လာ သန်း ၂၀ လှူဒါန်းပေးအပ်ခဲ့သလို သက်ဆိုင်ရာနိုင်ငံများအား နှာခေါင်းစည်း၊ ဆေးဝါး၊ ဆေးကုသသုံးအင်္ကျီအစရှိသည့် ရောဂါကာကွယ်ရေး အထောက်အပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်း ခဲ့ပြီး အချို့နိုင်ငံများကို အရေးပေါ်ဆေးကုသရေးအထောက်အပံ့ပစ္စည်းများ ပေးပို့ခဲ့သည်။ တရုတ်နိုင်ငံ၏ ဒေသခံအစိုးရနှင့်အရပ်ဖက် အဖွဲ့အစည်းများကလည်း လိုအပ်ချက်များကို အသီးသီးကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အစွမ်းကုန် လုပ်ဆောင်နေသည့် တစ်ပြိုင်နက်တည်းတွင်ပင် မိမိ၏အခက်အခဲကို ကြိုးစားကျော်လွှားရင်း လိုအပ်သည်နိုင်ငံများကို အတတ်နိုင်ဆုံး ဆက်လက်ကူညီပံ့ပိုးမှုများ ဆောင်ရွက်သွားလိုပါသည်။ 

 

(၅) နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ သိပံ္ပနည်းပညာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများနှင့် ကုသဆေးဝါး၊ကာကွယ်ဆေး၊ ရောဂါစမ်းစစ် ဆေးပစ္စည်းစသည့် ကဏ္ဍများတွင် သိပံ္ပနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားလိုပြီး တစ်ကမ္ဘာလုံးအတိုင်းအတာ ရောဂါ တိုက်ဖျက်ရေး အောင်မြင်မှုရရှိရန်အတွက် အကျိုးပြုထမ်းဆောင်သွားမည်ဖြစ်သည်။ 

 

“ကျွန်တော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ရပ်တည်ပြီး အေးတူပူအမျှ လက်ရှိအခက်အခဲများကို ရင်ဆိုင်ကာ ကမ္ဘာ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး နောက်ဆုံး အောင်ပွဲကို ရယူသွားမယ် ” ဟု ကိန်းစွမ်က ပြောကြားခဲ့သည်။  (Xinhua)