Social, Education & Health
ပေကျင်းတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရမှု အား အတည်ပြု

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရမှု အား မေလ ၁၅ ရက်က တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆိုင်ရာ ကျန်းမာရေး နှင့် မိသားစု စီမံကိန်း စီစဉ်ဆောင်ရွက်မှု ကော်မရှင် က ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။
ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရသူသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်း ပြည်နယ် မှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဗင်နီဇွဲလားနိုင်ငံ သို့ရောက်ရှိနေစဉ် မေလ ၁၁ ရက်၌ ဖျားနာမှု နှင့် ယားနာဖုများ ဖြစ်ပေါ်ခံစားခဲ့ရပြီးနောက် တရုတ်နိုင်ငံသို့ မေလ ၁၃ ရက်တွင် ပြန်လည် ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
၎င်း၌ ဇီကာဗိုင်းရပ်စ်ပိုး ကူးဆက်ခံထားရသည် ကို ဆေးစစ်ချက်များမှ တစ်ဆင့် မေလ ၁၅ ရက် တွင် သိရှိခဲ့ပြီး ယခု လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
သို့သော် ကော်မရှင်မှ ကျွမ်းကျင် ပညာရှင်များ၏ သုံးသပ်ချက်အရ ပေကျင်း၌ နောက်ထပ် ဇီကာဗိုင်းရပ်စ် ကူးဆက် ပျံ့နှံ့ရန် ဖြစ်နိုင်ချေ နည်းပါးလွန်းကြောင်း သိရသည်။ (Xinhua)