Connect with us

Social, Education & Health

အမြင်အာရုံ ကောင်းမွန်စေရန် အစားအသောက်က စွမ်းဆောင်ပေးနိုင်

အသီးအရွက်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

သင်ဟာ မျက်မှန်တပ်ဖို့ ပြင်ဆင်နေသူလား၊ သို့မဟုတ် တပ်ထားတဲ့ မျက်မှန်ကို အဝေးကို လွှင့်ပစ်ချင်နေသူ လား။

နည်းလမ်းမှန်စွာ စားသောက်ပေးရုံဖြင့် ထိုအရာတွေကို အဝေးကို သင်လွှင့်ပစ်နိုင်တဲ့ သတင်းကောင်း တစ်ခု ရှိနေပါပြီ။ Bored Panda မဂ္ဂဇင်း၏ အောက်ပါ ထုတ်ပြန်ချက် အသစ်အား ဖတ်ရှုပါ။ ထို့နောက် လိုအပ်ချက်များ အတိုင်း တိကျစွာ လိုက်နာ စားသုံးပေးခြင်းဖြင့် မျက်မှန် ပါဝါ တိုးလာခြင်းများနှင့် သင်၏ အမြင်အာရုံ ကျန်းမာ ခြင်းများအား ထိန်းသိမ်းပေးကြပါစို့။
မုန်လာဥနီ
မုန်လာဥနီသည် မျက်စိအတွက် အလွန် ကောင်းမွန်ကြောင်း အရင်ကတည်းက ကြားဖူးပြီးသား ဖြစ်သလို ယင်း သည် ယခုချိန်အထိ အမှန်အကန်ပင် ဖြစ်သည်။ မုန်လာဥနီ၌ ပါဝင်သည့် ဗီတာမင် ပေါင်းများစွာသည် မျက်စိ၏ လုပ်နိုင်စွမ်း ကောင်းမွန်စေရန် အကူအညီ ဖြစ်စေသည်။
အစိမ်းရောင် ရှိသည့် အသီးအရွက်များ
အစိမ်းရောင် ရှိသော အသီးအရွက်များတွင် ပါဝင်သည့် Lutein နှင့် Zeaxanthin တို့သည် မျက်စိအတွက် အမှန်တကယ် ကောင်းမွန်ကာ အမြင်အာရုံ ပိုမို သန်စွမ်းစေမည် ဖြစ်သည်။
ဥများ
လတ်တလော ထုတ်ယူထားသည့် ကြက်ဥ၊ ဘဲဥ အနှစ်သည် Lutein နှင့် Zeaxanthin ဓာတ်များစွာနှင့် ဇင့်ဝတ် ပါဝင်ကာ မျက်စိ အမြင်အာရုံအတွက် ပိုမို သန်စွမ်းပြီး ကောင်းမွန်စေသည်။
ရှောက်၊ သံပရာသီးမျိုးဝင် အသီးများနှင့် ဘယ်ရီသီးများ
ဘယ်ရီသီးများက အရသာရှိသလို ရှောက်၊ သံပရာသီးမျိုးဝင် အသီးများ၌လည်း ဗီတာမင် စီ (Vitamin C) ကြွယ်ဝစွာပါဝင်ပြီး မျက်စိကို အကာအကွယ် ဖြစ်စေသည်။ မျက်စိ တိမ်စွဲခြင်းကိုလည်း လျော့ကျစေပါသည်။
ဗာဒံစေ့များ
ဗီတာမင် အီး (Vitamin E) ကြွယ်ဝစွာ ပါဝင်သော ဗာဒံစေ့များတွင် မျက်စိ၏ အရောင်ခွဲခြားနိုင်စွမ်းအား လျော့ ကျမှုအား နှေးကွေးစေသည်။ ဗာဒံစေ့ လက်တစ်ဆုပ်စာအား နေ့တိုင်း စားပေးသင့်ပါသည်။
ငါးများ
ငါးစားခြင်းအား နှစ်သက်သူများ အတွက်ကတော့ သတင်းကောင်း တစ်ခုပါပဲ။ ငါးသည် မျက်စိ ကျန်းမာရေးအား ထိန်းသိမ်း ပေးသည့် အတွက် ငါးစားသုံးရန် အတွက် အချိန်အခါ ကောင်းပါပဲ။
အစေ့အဆန်မျိုးစုံ
အစေ့အဆန်မျိုးစုံ၌ ဗီတာမင် အီး၊ ဇင့်နှင့် Niacin (Vitamin B3) ဓာတ် အမြောက်အမြား ပါဝင်သည်။ ၎င်း အစေ့အဆန် အမျိုးမျိုးအား ပေါင်မုန့်၊ ပတ်စတာ (Pasta) စသဖြင့် ရနိုင်သမျှ အပြောင်းအလဲ လုပ်စားသင့်ပါ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.