Social, Education & Health
အွန်လိုင်း လှူဒါန်းမှုအတွက် ဝက်ဘ်ဆိုဒ် ၁၀ ခုဖန်တီးရန် တရုတ် စီစဉ်

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ပရဟိတ အဖွဲ့အစည်းများအတွက် ရန်ပုံငွေ မြင့်တက်ရန်နှင့် အစီအစဉ်များ မြှင့်တင်ရန် ဝက်ဘ်ဆိုဒ် ၁၀ ခုအား ဖန်တီးရန် တရုတ်နိုင်ငံက စီစဉ်ထားကြောင်း မြို့ပြရေးရာ ဝန်ကြီးဋ္ဌာနက ဇူလိုင်လ ၂၁ ရက်က ပြောသည်။
အင်တာနက်နှင့် လှူဒါန်းခြင်း ကဏ္ဍများ၌ အရှိန်အဝါကြီးပြီး စိတ်ချရသည့် ဝက်ဘ်ဆိုဒ်များအား ရွေးချယ်သွား မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဋ္ဌာနက ပြောသည်။
စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်ထားရန် လိုအပ်ကြောင်းနှင့် ဝန်ကြီးဋ္ဌာနမှ စိစစ် အကဲဖြတ်ပြီးနောက် အများပြည်သူထံသို့ ချပြမည် ဖြစ်ကြောင်း သိရသည်။
အွန်လိုင်း ပရဟိတ အလုပ်သည် တရုတ်နိုင်ငံတွင် ထင်ပေါ်ကျော်ကြားလာခဲ့ပြီး ရှေးအစဉ်အလာနည်း အတိုင်း လှူဒါန်းခြင်းနှင့် နှိုင်းယှဉ်ပါက ပိုမို အဆင်ပြေ ပွင့်လင်းမှု ရှိကြောင်း အများက ယုံကြည်နေကြသည်။ (Xinhua)