Connect with us

Sport

တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးလုံလေလုံ စကိတ်စီးအပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်မည်

တရုတ်နိုင်ငံ ရှိ စကိတ်စီအပန်းဖြေစခန်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၌ ဆောင်းရာသီအားကစားလှုပ်ရှားမှု များပြားလာသည်နှင့် အမျှ နိုင်ငံ တောင်ပိုင်း တွင် စတုရန်းမီတာ ၇၅,၀၀၀ ကျယ်ဝန်းသည့် မိုးလုံလေလုံ စကိတ်စီးကွင်းကြီးတစ်ခု ကို ဇွန် ၁၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စကိတ်ကွင်းသည် ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျိုးမြို့ တွင် တည်ရှိပြီး နာမည်ကြီး Ski Dubai ထက် ၃ဆပိုမိုကြီးမားကာ ဧည့်သည်ပေါင်း ၃,၀၀၀ကျော် ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးသွားနိုင်ကြောင်း ယင်းစီမံကိန်းအထွေထွေမန်နေဂျာ Li Wanxiong ကပြောကြားခဲ့သည်။

Li က အဆိုပါ အပန်းဖြေစခန်းတွင် စကိတ်ဆင်ခြေလျော ၄ခုကို မတူညီသော အနိမ့်အမြင့်များဖြင့် တည်ဆောက်ထားကြောင်း၊ အရှည်ဆုံး ဆင်ခြေလျောတစ်ခုမှာ ၄၆၀ မီတာ ရှည်လျားကြောင်း နှင့် ဆင်ခြေလျောများ၏ အမြင့်ဆုံး ထောင်လိုက်အမြင့်မှာ ၆၆မီတာရှိကြောင်း ပြောကြားခဲ့သည်။

ခရီးသွားဧည့်သည်များအနေဖြင့် ရေခဲပန်းပု နှင့် နှင်းပြင်တိုက်ကားစီးခြင်း အပါအဝင် ရေခဲ နှင့် နှင်း ကစားနည်းများစွာကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၂၂ခုနှစ် ဆောင်းရာသီအိုလံပစ် နှင့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆောင်းရာသီ ခရီးသွားလုပ်ငန်း နှင့် အားကစားနည်းများတွင် တိုးတက်မှုနှုန်း အလွန်မြင့်မားလာကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဆောင်းရာသီကာလတွင် တရုတ်ခရီးသွားများသည် ရေခဲ နှင့် နှင်းဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုများအတွက် ခရီးစဉ်ပေါင်း ၁၉၇သန်းခန့် သွားရောက်ခဲ့ကြပြီး တစ်နှစ်ထက် တစ်နှစ် ၁၆ရာခိုင်နှုန်းတိုးတက်လာကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

၂၀၁၈ခုနှစ် သြဂုတ်လတွင် ရှန်ဟိုင်းမြို့၌ ၂၂၇,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသော မိုးလုံလေလုံစကိတ်စီးအပန်းဖြေစခန်း အား စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.