Connect with us

Sport

တရုတ်ဘောလုံးအဖွဲ့ချုပ်က ဥက္ကဋ္ဌအသစ် ရွေးချယ်ရန်ရှိ

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (CFA) အမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (CFA) က ၁၁ ကြိမ်မြောက် အသင်းဝင်ညီလာခံအား သြဂုတ် ၂၂ ရက်တွင် အမျိုးသား ဘောလုံး လေ့ကျင့်ရေးစင်တာ၌ ကျင်းပကာ ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်ကော်မတီအား ရွေးချယ်မည်ဖြစ်ကြောင်း CFA က သြဂုတ် ၁၆ ရက်တွင် ကြေညာလိုက်သည်။

CFA မှ ထုတ်ပြန်သည့် ကြေညာချက်၌ “ညီလာခံမှာ CFA ရဲ့ နည်းဥပဒေများကို ပြင်ဆင်ခြင်းနဲ့ CFA လုပ်ငန်း အစီရင်ခံစာ သုံးသပ်ခြင်းတွေ လုပ်ဆောင်သွားမယ်” ဟု ဖော်ပြထားသည်။ယခုနှစ် မေလက Shanghai SIPG ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ချိန်ရှီယွမ်အား ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေး အကြီးအကဲအဖြစ် CFA က အမည်စာရင်းတင်သွင်းခဲ့ရာ ယင်းအချက်က ချိန်အား စီးပွားရေးလောကမှ ပထမဆုံး CFA ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ဖွယ်ရှိကြောင်း သိရသည်။၁၀ ကြိမ်မြောက် CFA အသင်းဝင်ညီလာခံအား ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့ပြီး ချိုက်ကျန့်ဟွာအား ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။ (Xinhua)