Connect with us

Sport

 နိုင်ငံတကာမိုးမျှော် ကြိုးတန်းလမ်းလျှောက်ပြိုင်ပွဲကို ကျန်းကျားကျဲ့  ကျောက်တောင် ကျောက်ဆောင်များ အကြားတွင် ကျင်းပ

ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပနေ သည်ကို တွေ့ရစဉ်(ဆင်ဟွာ)

 

ချန်ဆား၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်းလမ်းလျှောက်ပြိုင်ပွဲကို  အောက်တိုဘာလ ၂၀ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နယ်  ကျန်းကျားကျဲ့ ဝူလင်းယွမ်တွင်ကျင်းပရာ တရုတ်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ကနေဒါ နိုင်ငံ ၅ နိုင်ငံမှ ကျွမ်းကျင်အဆင့်ရှိ ပြိုင်ပွဲဝင် ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပနေ သည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပနေ သည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပနေ သည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပနေ သည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပနေ သည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပနေ သည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ပြိုင်ပွဲဝင်များသည် မြေပြင်မှ မီတာ ၂၀၀ ခန့်အမြင့်ရှိသော တစ်လက်မသာအကျယ်ရှိသည့် ကြိုးတန်းပေါ်တွင် တစ်ဦးချင်း စိန်ခေါ်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း သိရသည်။  ကြိုးတန်းပေါ်တွင် လျှောက်နိုင်သော အကွာအဝေးနှင့်လွဲချော်မှုအခြေအနေအရ အမှတ်ပေးခြင်းဖြစ်ရာအဆိုပါ ပြို်ငပွဲတွင် ပြင်သစ်နိုင်ငံသား ဘန်ဇ် က ပထမဆုကို ဆွတ်ခူးရရှိခဲ့ပြီး တရုတ်နိုင်ငံသား စီဟိုင်လျင်က တတိယဆုရရှိခဲ့ကြောင်း သိရသည်။“ကျွန်တော်က ဒီအားကစားကို အရမ်းနှစ်သက်တယ်။ အမြင့်ကောင်းကင်ကနေ လမ်းလျှောက်တဲ့အခါ တစ်ခါတစ်လေ ငှက်ကလေးတွေက ခေါင်းပေါ်ကပျံသွားလိုက် ခြေထောက်အောက်က ပျံသွားလိုက်နဲ့။ အဲလိုအချိန်မှာဆို ကျွန်တော်ကတော့ အရမ်းကို ပျော်ရွှင်ကြည်နူးတယ်”ဟု ချန်ပီယံဆုကို ဆွတ်ခူးရရှိသူ ဘန်ဇ်က ဆိုပါသည်။ (Xinhua)