Connect with us

Sport

နေရာပြောင်းလဲမှုရှိလင့်ကစား လာမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲသုံးပွဲ အနိုင်ရရှိရန် တရုတ်နိုင်ငံ ရည်မှန်းထား

အုပ်စု(A) ပွဲစဉ်အတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့၌ ပြုလုပ်သော ကစားပွဲတစ်ပွဲတွင် တရုတ်အားကစားသမားများအား မေ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စူးကျိုး ၊ တရုတ်နိုင်ငံ ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)သို့ နိုင်ငံရွှေ့ပြောင်းရွှေ့ကျင်းပမည့် FIFA ကမ္ဘာ့ဖလား ‌ခြေစစ်ပွဲသုံးပွဲကို အနိုင်ရရှိရန် ရည်မှန်းထားကြောင်း တရုတ်လက်ရွေးစင်အသင်း နောက်ခံကစားသမား Wang Shenchao က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။တရုတ်အသင်းသည် ဇွန် ၂ ရက် မွန်းလွဲပိုင်းတွင် မိခင်နိုင်ငံ၌ လေ့ကျင့်ရေး ပြုလုပ်ခဲ့ပြီး ဇွန် ၃ ရက်တွင် UAE နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း ၊ ဇွန် ၇ မှ ၁၅ ရက်အထိ ဖိလစ်ပိုင် ၊ မော်ဒိုက်နှင့် ဆီးရီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

အုပ်စု(A) ပွဲစဉ်အတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့၌ ပြုလုပ်သော ကစားပွဲတစ်ပွဲတွင် တရုတ်အားကစားသမားများအား မေ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဘယ်နေရာမှာပဲ ကစားရသည်ဖြစ်စေ ခြေစစ်ပွဲ သုံးပွဲစလုံးကို အနိုင်ရဖို့ပါပဲ” ဟု နောက်ခံလူ Wang က လေ့ကျင့်မှုအပြီးတွင် ပြောကြားခဲ့သည်။
“ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး။ကစားသမားတွေအနေနဲ့ ပွဲတွေအပေါ်မှာ အာရုံစိုက်ဖို့ လိုပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ တရုတ်နိုင်ငံသည် အာရှတိုက် အုပ်စု(A) တွင် ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး အုပ်စုပထမနေရာ၌ ရှိနေသော ဆီရီးယားနိုင်ငံထက် ၅ မှတ် လျော့နည်းနေကြောင်း သိရသည်။(Xinhua)

——————————————
(English Version)

China aims to win three coming World Cup qualifiers despite venue change

SUZHOU, China, June 2 (Xinhua) — China aims to win the three coming FIFA World Cup qualifiers which have been moved from China to the United Arab Emirates, defender Wang Shenchao said on Wednesday.

The Chinese side, which held a training session on Wednesday afternoon, will leave for the UAE on Thursday, where they will face against the Philippines, the Maldives and Syria from June 7-15.

“Our aim is to win all the three games regardless of where they are to be played,” said Wang after the training.
“We cannot change what have happened. As players, we simply need to focus on the matches,” he said.
China sits in the second spot of Group A with 10 points, five points off of leader Syria. Enditem

1.Starting players of China line up prior to a Group A match between China and Guam at FIFA World Cup Qatar 2022 and AFC Asian Cup China 2023 Preliminary Joint Qualification in Suzhou, east China’s Jiangsu Province, May 30, 2021. (Xinhua/Xiao Yijiu)

2.Ai Kesen of China celebrates after scoring the team’s fifth goal during a Group A match between China and Guam at FIFA World Cup Qatar 2022 and AFC Asian Cup China 2023 Preliminary Joint Qualification in Suzhou, east China’s Jiangsu Province, May 30, 2021. (Xinhua/Cao Can)