Connect with us

Sport

ရီယို မသန်စွမ်း အိုလံပစ် တွင် တရုတ် က ရွှေတံဆိပ် ၁၀၇ခုဖြင့် ထိပ်ဆုံး၌ ရပ်တည်

ရီယို မသန်စွမ်း အိုလံပစ် ပြိုင်ပွဲ ၌ တရုတ်အားကစားသမား အဖွဲ့အားတွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီဂျနေရို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရီယို မသန်စွမ်းအိုလံပစ် ပြိုင်ပွဲ မကျင်းပမီက ၎င်းတို့မျှော်မှန်းထားသည့် ရလဒ် အတိုင်း အေသင်မြို့၊ ပေကျင်းမြို့ နှင့် လန်ဒန်မြို့တို့တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲများ၌ ကြိုးစားအားထုတ်ခဲ့သည့် ပုံစံမျိုးဖြင့် ရီယို မသန်စွမ်းအိုလံပစ်ပွဲ အပြီးတွင် ဆုတံဆိပ်ရရှိမှု အများဆုံးဖြင့် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၁၁ရက်ကြာ ကျင်းပခဲ့သည့် ရီယို မသန်စွမ်းအိုလံပစ် ပြိုင်ပွဲ ၌ ရွှေတံဆိပ် ၁၀၇ခု၊ ငွေတံဆိပ် ၈၁ခု နှင့် ကြေးတံဆိပ် ၅၁ ဆွတ်ခူးနိုင်ခဲ့ပြီး ၎င်းနောက်တွင် ဗြိတိန်နိုင်ငံ က ရွှေတံဆိပ် ၆၄ခု၊ ယူကရိန်းနိုင်ငံက ရွှေတံဆိပ် ၄၁ခု၊ အမေရိကန်နိုင်ငံက ရွှေတံဆိပ် ၄၀ခု နှင့် သြစတြေးလျနိုင်ငံက ရွှေတံဆိပ် ၂၂ခု ဖြင့် အသီးသီး ရပ်တည်ခဲ့ကြသည်။
အမေရိကန်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့သာလျှင် ၁၉၈၄ခုနှစ် နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ၌ ရွှေတံဆိပ် ၁၃၆ ခု နှင့် ၁၀၇ခု အသီးသီး ရရှိဖူးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ မသန်စွမ်းအိုလံပစ် အားကစားသမားများ အဖွဲ့ အကြီးအကဲ ကျန်းဟိုင်ဒီ က တရုတ်နိုင်ငံ၏ ယခု အောင်မြင်မှု သည် တရုတ်မသန်စွမ်းအားကစားသမားအပေါ် နိုင်ငံအနေဖြင့် ကောင်းစွာ အထောက်အပံ့ပြုနေမှုကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
၎င်းက တရုတ်မသန်စွမ်းအားကစားသမားများ၏ ဆုတံဆိပ်များသည် အားကစားသမားများ နှင့် မသန်စွမ်းများအပေါ် ကူညီထောက်ပံ့ပေးနေသည့် လူမှုအဖွဲ့အစည်းအားလုံး ၏ ကြိုးစားအားထုတ်မှုပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျန်းက တရုတ်နိုင်ငံ တွင် မသန်စွမ်း ဦးရေ ၈၅သန်း ဝန်းကျင် ရှိသည့် အနက် အနည်းငယ်သာလျှင် ရီယို မသန်စွမ်းအိုလံပစ် တွင် ဆုတံဆိပ်ရရှိခဲ့ကြောင်း၊ တရုတ် မသန်စွမ်းများပါဝင်ရရှိခဲ့သော မသန်စွမ်းအားကစားနည်းများ နှင့် ဆုတံဆိပ်များသည် နိုင်ငံတစ်ဝန်းရှိ မသန်စွမ်းများအတွက် အားတစ်ခုဖြစ်စေပြီး ကြိုးစားအားထုတ်ပါက ပန်းတိုင်သို့ ရောက်ရှိနိုင်ကြောင်းကို ၎င်းတို့အား သတိပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရေကူးအားကစား သည် ရီယို မသန်စွမ်းအိုလံပစ် ပြိုင်ပွဲတွင် တရုတ်နိုင်ငံအား ရွှေတံဆိပ်အများဆုံးရရှိစေခဲ့သည့် အားကစားနည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.