Connect with us

ASEAN

ထိုင်းနိုင်ငံက လူအများအပြား အစုပြုံလိုက်ကာကွယ်ဆေးထိုးရန် COVID-19 ကာကွယ်ဆေးဖြန့်ဝေမှုတိုးမြှင့်

A man receives a shot of COVID-19 vaccine from China's Sinovac in Bangkok, Thailand, Feb. 28, 2021. (Xinhua/Rachen Sageamsak)

ဘန်ကောက်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် နိုင်ငံအတွင်းလက်ရှိ ဖြစ်ပွားလျက်ရှိသော အဆိုးဝါးဆုံးရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် လူအများအပြား အစုပြုံလိုက်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို လာမည့်သတင်းပတ်တွင် စတင်နိုင်ရန် ရည်ရွယ်ထားရှိပြီး ပြင်ဆင်သည့်အနေဖြင့် COVID-19 ကာကွယ်ဆေးဖြန့်ချိခြင်းအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ဇွန် ၁ ရက်နှင့် ၂ ရက်နေ့များတွင် နိုင်ငံအတွင်းရှိ ကာကွယ်ဆေးထိုးဌာနများသို့ ကာကွယ်ဆေး အလုံးရေ ၉၄၀,၀၀၀ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (CCSA) မှ ပြောရေးဆိုခွင့်ရှိသူ Apisamai Srirangsan ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ်နှစ်ကုန်တွင် နိုင်ငံရှိလူဦးရေ သန်း ၇၀ ဝန်းကျင် အနက်မှ ၇၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းထားသောကြောင့် ရှေ့ပြေးအနေဖြင့် လူအစုလိုက်အပြုံလိုက်ကာကွယ်ဆေးထိုးစီမံချက်အစီအစဉ်အား ဇွန် ၇ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။

ဇွန် ၃ ရက်တွင် နိုင်ငံတွင် COVID-19 ထပ်မံကူးစက်ခံရသူ ၃၄၄၀ ဦး ရှိပြီး၊ မြို့တော်ဘန်ကောက်မှ စတင်၍ တတိယလှိုင်း စတင်ပြန်နှံ့ခဲ့သည့် ဧပြီလဆန်းပိုင်းတွင် ကူးစက်ခံရသည် ၃၀,၀၀၀ အောက်သာ ရှိခဲ့ရာမှ စုစုပေါင်း ကူးစက်ခံရသူ ၁၆၅,၄၆၂ ဦး အထိ မြင့်တက်ခဲ့သည်။

ထိုင်းနိုင်ငံရှိ ဒေသများထဲတွင် ဘန်ကောက်မြို့သည် ကူးစက်မှုအများဆုံးဖြစ်ပွားရာ နေရာဖြစ်နေပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ထပ်မံကူးစက်ခံရသူ ၆၈၀ ဦး ရှိကြောင်း CCSA မှ သိရသည်။
ဇွန် ၂ ရက်က နိုင်ငံတွင် ထပ်မံသေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁၁၀၇ ဦးထိ ရောက်ရှိသွားပြီးဖြစ်သည်။ (Xinhua)

——————————————
(English Version)

Thailand steps up COVID-19 vaccine distribution for mass inoculation

BANGKOK, June 2 (Xinhua) — Thailand is speeding up COVID-19 vaccine distribution as preparation for a mass inoculation campaign due to start next week amid efforts to contain the country’s worst wave of outbreak so far.

Some 940,000 doses of vaccines have been distributed to vaccination centers nationwide on Tuesday and Wednesday, the Center for the COVID-19 Situation Administration (CCSA) spokesperson Apisamai Srirangsan told a press conference.

This came ahead of the mass inoculation campaign, scheduled to start on June 7, as the country aims to vaccinate 70 percent of its nearly 70 million population by the end of 2021.

On Wednesday, the country reported 3,440 new COVID-19 cases, raising its total caseload to 165,462 from less than 30,000 at the beginning of April, when the third wave of outbreak started to spread from the capital Bangkok.

By regions, Bangkok still had the largest number of infections, with 680 new cases confirmed over the past 24 hours according to the CCSA.The country also reported 38 additional fatalities Wednesday, bringing the death toll to 1,107. Enditem