Connect with us

ASEAN

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ စတင်ဆောင်ရွက်

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးAnutin Charnvirakul က တရုတ်နိုင်ငံ Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ဆေးဝန်ထမ်းစသည့် ရောဂါကူးစက်မှုအန္တရာယ်များသည့်လူအုပ်စုများကို တရုတ်နိုင်ငံ Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးAnutin Charnvirakul အပါအဝင် ကက်ဘိနက်အဖွဲ့ဝင် (၅)ဦးက ကာကွယ်ဆေးထိုးနှံမှုကို ဦးစွာခံယူခဲ့ကြောင်းသိရသည်။

ယင်းနေ့နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းကျန်းမာရေးဝန်ကြီးဌာန Bamrasnaradura ကူးစက်ရောဂါ သုတေသနဌာန ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ထိုးနှံမှုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံနေသည့် အမျိုးသားတစ်ဦးအား ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ဒါက ထိုင်းနိုင်ငံ ကာကွယ်ဆေးထိုးနှံတဲ့ပထမနေ့ပါ၊ ထိုင်းနိုင်ငံသူနိုင်ငံသားတွေကို ယုံကြည်ချက်ပြန်လည်ပေးအပ်တဲ့နေ့တစ်နေ့ဖြစ်သလို သမိုင်းဝင်အချိန်လည်းဖြစ်ပါတယ်။ ထိုင်းမှာကာကွယ်ဆေးတွေ အမြန်ဆုံးအလုံအလောက်ရရှိမယ်၊အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုတွေပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်။”ဟု ပရာယွတ်ချန်အိုချာက အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံနေသည့် အမျိုးသားတစ်ဦးအား ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းကျန်းမာရေးဝန်ကြီးဌာန Bamrasnaradura ကူးစက်ရောဂါ သုတေသနဌာနကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ထိုးနှံမှုအခမ်းအနားသို့ တက်ရောက်နေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစည်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bamrasnaradura ကူးစက်ရောဂါ သုတေသနဌာနတွင် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် သူနာပြုတစ်ဦးက ပြင်ဆင်နေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့ နံနက်ပိုင်းတွင်ပင် ထိုင်းနိုင်ငံကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးဖြစ်သည့် Samut Sakhonပြည်နယ်တွင်လည်း ရောဂါကူးစက်မှုအန္တရာယ်မြင့်မားသည့် လူအုပ်စုများကို ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။ မတ်လ ၁ ရက်မှစ၍ ကပ်ရောဂါအခြေအနေဆိုးဝါးသည့်ဒေသ (၁၃)ခုရှိ ဆေးဝန်ထမ်းစသည့် ကူးစက်မှုအန္တရာယ်မြင့်မားလူအုပ်စုများကို ကာကွယ်ဆေးထိုးနှံပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————————–
(Chinese Version)

(国际疫情)泰国开始接种中国新冠疫苗

新华社曼谷2月28日电(任芊)泰国2月28日开始为医护人员等高风险人群接种中国科兴新冠疫苗,包括副总理兼公共卫生部长阿努廷在内的5名内阁成员当天在曼谷率先接种疫苗。
 当天清晨,泰国总理巴育前往位于泰国卫生部的班拉那拉杜拉传染病研究所主持首批疫苗接种仪式。巴育在接种仪式后的记者会上表示,这是泰国疫苗接种的第一天,也是为泰国民众重塑信心的一天,是泰国历史性的一刻。希望泰国能够尽早获取足够疫苗,也希望泰国能够尽早恢复平安与稳定。
 当天上午,泰国疫情最严重的沙没沙空府也开始为高风险人群进行疫苗接种。3月1日起,13个疫情较严重地区的医护人员等高危人群将陆续接种疫苗。(完)
图说1: 2月28日,泰国总理巴育(后排右二)在曼谷见证副总理兼公共卫生部长阿努廷(前左)接种中国科兴新冠疫苗。
图说2、3:2月28日,一名男子在泰国曼谷接种中国科兴新冠疫苗。
图说4:2月28日,泰国总理巴育(前左)在位于曼谷的泰国卫生部的班拉那拉杜拉传染病研究所主持首批疫苗接种仪式。
图说5:2月28日,一名护士在位于曼谷的泰国卫生部的班拉那拉杜拉传染病研究所准备中国科兴新冠疫苗。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.