Connect with us

CHINA

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆင့်မြင့်ကွန်ဖရင့်ကို ဇွန် ၁၈ ရက်တွင် ကျင်းပမည်

၂၀၁၉ ခုနှစ်က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်သို့ တက်ရောက်လာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ ဗီဒီယိုကွန်ဖရင့်ကို “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးနှင့် COVID-19 ရောဂါကို ပူးတွဲတိုက်ဖျက်ရေး” ဟူသော ခေါင်းစဉ်ဖြင့် ဇွန် ၁၈ ရက်၌ ကျင်းပသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျွမ်းက ဇွန် ၁၆ ရက်၌ ကြေညာခဲ့သည်။ 

အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သဘာပတိအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ သို့မဟုတ် ဝန်ကြီးအဆင့် အရာရှိများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ကြမည်ဖြစ်သည်။ 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တို့က ပူးတွဲကျင်းပသည့် ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်များ မြှင့်တင်ရေး၊ လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုများ ပြန်လည်စတင်ရေးအတွက် အတွေ့အကြုံဖလှယ်ခြင်းနှင့် မူဝါဒ ညှိနှိုင်းဆောင်ရွက်ခြင်းများ ဆက်လက်လုပ်ဆောင်ရေးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၏ အရည်အသွေးမြင့် ပူးတွဲလုပ်ဆောင်မှု မြှင့်တင်ရေးအတွက် ရည်ရွယ်ထားကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.