Connect with us

CHINA

သူတစ်ပါး အား နာမည်ဖျက် ပြစ်တင်ဝေဖန် နေခြင်း သည် ကပ်ရောဂါ ကို မောင်းထုတ် နိုင်မည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံ အား တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား 

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေသည့် အခြေအနေ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၏ လတ်တလောရက်ပိုင်း အတွင်း တရုတ် နိုင်ငံ အား နာမည်ဖျက် ပြောဆိုနေခြင်း နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း(Zhao Lijian) က အမေရိကန် နိုင်ငံ ၏ နာမည်ဖျက် ပြစ်တင် ဝေဖန် နေခြင်းသည် ကပ်ရောဂါ အား မောင်းထုတ် နိုင်မည် မဟုတ်ဘဲ တရုတ် နိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံ ပြည်သူလူထုများ ကပ်ရောဂါ အား အမြန်ဆုံး တိုက်ဖျက်နိုင်ရန် မျှော်လင့်ကြောင်း ဧပြီ ၉ ရက် ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ပြည်သူလူထု တို့ က အမေရိကန် နိုင်ငံ ၏ အချို့သော နိုင်ငံရေး သမားများ၏ ကပ်ရောဂါ အား နိုင်ငံရေး အသွင် အဖြစ် ဆောင်ရွက်ပြီး တရုတ် နိုင်ငံ အား နာမည်ဖျက်နေသည့် စိတ်ဓာတ်ကျဉ်းမြောင်းသော အပြုအမူ ကို ကန့်ကွက်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေသည့် အခြေအနေ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေသည့် အခြေအနေ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေသည့် အခြေအနေ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေသည့် အခြေအနေ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က တရုတ် နိုင်ငံ အနေဖြင့် ပထမ ဦးဆုံး ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ထံ သို့ COVID-19 ရောဂါ နှင့် ပတ်သက်၍ သတင်းပေးပို့ ခဲ့သည့် နိုင်ငံ ဖြစ်သော်လည်း ရောဂါ စတင်ဖြစ်ပွားသည့် နေရာ က ဝူဟန့်မြို့ ဖြစ်သည် ဟု ဆိုလို၍မရကြောင်း ၊ ကူးစက်ရောဂါ က ကမ္ဘာပေါ်ရှိ မည်သည့် ဒေသ ၊ နိုင်ငံ နှင့် မြို့တော် တွင် မဆို ဖြစ်ပွား နိုင်ပြီး စတင်ဖြစ်ပွား သည့် အရင်းအမြစ် က မည်သည့် နေရာ တွင် ဖြစ်သည် ဆိုသည်မှာ သိပ္ပံဆိုင်ရာ ကိစ္စရပ် တစ်ခု ဖြစ်သောကြောင့် သိပ္ပံပညာရှင် နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ သုတေသန ပြုလုပ်ရန် တာဝန်ပေးအပ်ရမည် ဖြစ်ကြောင်း ၊ ကပ်ရောဂါ စတင် ဖြစ်ပွားချိန် မှ စတင်၍ တရုတ် နိုင်ငံ အနေဖြင့် အချိန် နှင့် တစ်ပြေးညီ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ထံ သို့ ကပ်ရောဂါ အခြေအနေ နှင့် ပတ်သက်၍ သတင်း ပေးပို့ ခဲ့ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီး ထံသို့လည်း COVID-19  ရောဂါပိုး ၏ gene sequence ကို မျှဝေ ပေးခဲ့ကြောင်း ၊ ရောဂါစတင်ဖြစ်ပွားချိန် မှ စ၍ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန် အတွက် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ကောင်းမွန်သည့် ထောက်ခံမှုအားပေးမှုများကို ရရှိခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် မှ နိုင်ငံ ကပ်ရောဂါ နှင့် ပတ်သက်သည့် သတင်းအချက် နှင့် သက်ဆိုင်ရာ ကိန်းဂဏန်း များ ကို အလွယ်တကူ ရရှိနိုင်ပြီး တရုတ် နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေး စင်တာ နှင့် သုတေသန အဖွဲ့ တို့ကလည်း ဆေးဘက်ဆိုင်ရာ ကဏ္ဍ တွင် သြဇာကြီးမားသည့် မဂ္ဂဇင်းများ တွင် တရုတ် နိုင်ငံ ၏ COVID-19 ရောဂါပိုး နှင့် ပတ်သက်သော သုတေသန ရလဒ် များကို ဖော်ပြပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် မိမိ တို့ လုပ်နိုင်သော နှင့် လုပ်သင့်သော ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကြိုးပမ်းအားထုတ်မှု ဖြင့် ရရှိလာသော တန်ဖိုးကြီးမားသည့် အချိန် အား ထိရောက်စွာ အပြည့်အဝ အသုံးချခဲ့ခြင်း ရှိမရှိ နှင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အား အချိန်မီ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိ ကို သမိုင်းဖြစ်စဉ် က အဆုံးအဖြတ်ပေးသွားမည် ဖြစ်ကြောင်း ၊  ကပ်ရောဂါ က နိုင်ငံ ၊ နယ်နိမိတ် ၊ လူမျိုး ၊ ဒေသ နှင့် လူမှုအသိုင်းအဝိုင်း စနစ် တို့ကို ခွဲခြားမည် မဟုတ်သောကြောင့် မည်သည့် နိုင်ငံ မဆို လူတစ်ဦး ၏ ရှင်သန်ခွင့် နှင့် ကျန်းမာရေး ကို အဓိက ဦးစားပေး နေရာတွင် ထားရှိရမည် ဖြစ်ပြီး မိမိ နိုင်ငံ ပြည်သူလူထု အတွက် လုံလောက်ထိရောက်သော အာမခံချက်များကို ထောက်ပံ့ပေးရမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ ပြည်သူလူထုများ အနေဖြင့် ကပ်ရောဂါ အား နိုင်ငံရေး အသွင် အဖြစ် ဆောင်ရွက်နေပြီး တရုတ် နိုင်ငံ အား နာမည်ဖျက်ခြင်းဖြင့် တာဝန်အား ခေါင်းရှောင်နေသော စိတ်ဓာတ်ကျဉ်းမြောင်းသူ များအား ကန့်ကွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)