Connect with us

CHINA

ပြင်ပမှ COVID-19 ကူးစက်ခံရမှု မြင့်တက်လာသဖြင့် တရုတ်နယ်စပ်မြို့တွင် ယာယီဆေးရုံတည်ဆောက်မည်

တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ ယာယီဆေးရုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဟာပင်း၊  ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ တရုတ်-ရုရှား နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ဆွေဖန်းဟော် (Suifenhe) တွင်  ပြင်ပမှကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများပြားလာမှုကို တားဆီးသည့်အနေဖြင့် ယာယီဆေးရုံ တစ်ရုံ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တည်ဆောက်မှုသည် ဧပြီ ၁၁ရက်တွင်ပြီးစီးမည်ဟုမျှော်မှန်းထားပြီး ၎င်းယာယီဆေးရုံ၌ ဆေးဘက်ဝန်ထမ်း ဦးရေ ၄၀၀ ခန့်လုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ရကြောင်း မြို့တော် သတင်းပြန်ကြားရေးဌာနက ဆိုသည်။

ယင်းဆေးရုံသည် ရုံးအဆောက်အအုံမှ ဆေးရုံအဖြစ် ပြောင်းလဲထားခြင်းဖြစ်ပြီး ခုတင် ၆၀၀ ကျော် ထားရှိနိုင်မည်ဖြစ်ကြောင်း ၊ အဆိုပါ ယာယီဆေးရုံတည်ဆောက်ရေး စီမံကိန်းအား အကောင်အထည်ဖော်လုပ်ကိုင်နေသည့်  Suifenhe Hairong  မြို့ပြတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံဖြိုးရေးကုမ္ပဏီ ဥက္ကဋ္ဌ Wang Fakui က ပြောကြားခဲ့သည်။

နယ်စပ်၏ အဓိကစစ်ဆေးရေးစခန်းဖြစ်သော ဆွေဖန်းဟော်ဆိပ်ကမ်းတွင် ခရီးသည်စစ်ဆေးမှုများအား ပိတ်ထားပြီး ကုန်စည်စစ်ဆေးမှုများကိုလည်း တင်းကျပ်စွာပြုလုပ်နေသည်ဟု ဆွေဖန်းဟော် ခေတ္တမြို့တော်ဝန် Wang Yongping ၏ ပြောကြားချက်အရ သိရသည်။

ဆွေဖန်းဟော်နယ်စပ် ဝင်ပေါက်များအားလုံးမှလာရောက်သူများအနေဖြင့် nucleic acid စမ်းသပ်မှုများခံယူရမည်ဖြစ်ပြီး သတ်မှတ်ထားသော အဆောက်အအုံများ၌ အသွားအလာကန့်သတ်နေထိုင်ရမည် ဖြစ်သည်။

ဒေသခံဆေးရုံများကို ထောက်ပံ့ကူညီနိုင်ရန် ပြည်နယ်တစ်ဝန်းမှ ဆွေဖန်းဟော်မြို့သို့ ဆေးဝန်ထမ်း ၁၂၀ ကျော်ကို စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။  (Xinhua)