Connect with us

CHINA

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က စီးပွားရေးလုပ်ငန်းပြန်လည်စတင်မှုများကြားမှ အလုပ်ခန့်ထားမှုသေချာစေရေး အလေးထားပြောကြား 

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ COVID-19 ကာကွယ်ဆေး တီထွင်ဖော်ထုတ်နေကြောင်း သွားရောက်စစ်ဆေးနေသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်မှုလွယ်ကူစေရန်နှင့် အလုပ်ခန့်ထားမှုသေချာစေရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ကြရန် မတ် ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့သည်။

COVID-19 ၏ သက်ရောက်မှုကြောင့် ယခုနှစ်၏ အလုပ်ခန့်ထားမှု တည်ငြိမ်မှုရှိစေရေး တာဝန်က အလွန်ခက်ခဲကြောင်း လီက ပေကျင်းမြို့တွင် ပြုလုပ်သော တယ်လီကွန်ဖရင့်သို့ ရေးသားပေးပို့သော ညွှန်ကြားချက်၌ ဖော်ပြထားသည်။

ဒေသတွင်း အစိုးရများနှင့် ကဏ္ဍအားလုံးအနေဖြင့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နေစဉ် ကူးစက်ရောဂါ ပိုမိုထိန်းချုပ်ရန် ညှိနှိုင်းအားထုတ်မှုများကိုလည်း လုပ်ဆောင်သင့်ကြောင်းနှင့် အလုပ်ခန့်ထားရေးကိုလည်း ပိုမိုဦးစားပေး ဆောင်ရွက်သွားသင့်ကြောင်း ဝန်ကြီးချုပ် လီက ပြောခဲ့သည်။

ထို့ပြင် ၎င်းတို့အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ တည်ငြိမ်စေရန်အတွက် အခွန်လျှော့ခြင်း၊ ငွေကြေးထောက်ပံ့မှုပေးခြင်း၊ မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား အခက်အခဲများ ကျော်လွန်နိုင်စေရန် ကူညီပေးခြင်း၊ စီးပွားရေးလုပ်များအား ကုန်ထုတ်လုပ်မှု ပြန်လည်စတင်နိုင်ရန် ထောက်ပံ့မှုပေးခြင်းနှင့် အဓိက စီမံကိန်းများ တည်ဆောက်မှု လွယ်ကူစေရန်ကဲ့သို့သော အကောင်းဆုံးမူဝါဒများ လုပ်ဆောင်သင့်ကြောင်း လီက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ကြိုးနီစနစ် လျှော့ချရန်၊ အစိုးရဝန်ဆောင်မှုများ တိုးတက်စေရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုနှင့် တီထွင်ဆန်းသစ်မှုများ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍအား အပြည့်အဝ ပါဝင်စေရန်နှင့်  Internet Plus နှင့် စီးပွားရေးပလက်ဖောင်း ဖွံ့ဖြိုးတိုးတက်မှု ထောက်ပံ့ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.