Connect with us

CHINA

တရုတ်နိုင်ငံ အစိုးရ အနေဖြင့် WHO အပါအဝင် နိုင်ငံပေါင်း ၈၂ နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာ

တရုတ် နိုင်ငံ မှ တောင်ကိုရီးယား နိုင်ငံ အား ကူညီထောက်ပံ့ပေးသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က တရုတ် နိုင်ငံ အစိုးရ အနေဖြင့် WHO အပါအဝင် နိုင်ငံပေါင်း ၈၂ နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီး ထောက်ပံ့ရေး ပစ္စည်းများတွင် ရောဂါစစ်ဆေးမှု ကိရိယာ ၊ နှာခေါင်းစည်း နှင့် ရောဂါ ကာကွယ်ရေး ဝတ်စုံ တို့ပါဝင်ကာ ထောက်ပံ့ရေး ပစ္စည်းအများစု မှာလည်း သက်ဆိုင်ရာ နိုင်ငံသို့ ရောက်ရှိပြီး ဖြစ်ကြောင်း မတ်လ ၂၀ ရက် ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ကိန်းစွမ် က တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံ အတွင်း COVID-19 ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေသည့် အချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း မှ တရုတ် နိုင်ငံ အပေါ် နိုင်ငံရေး အရ ထောက်ခံမှု နှင့် ကုန်ပစ္စည်းအရ လှူဒါန်းမှုများ ကို ထာဝရ မေ့ပျောက်နိုင်မည် မဟုတ်ကြောင်း ၊ လက်ရှိအချိန်တွင် တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံများ အား ကူညီမှု လက်လှမ်းပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတော် အစိုးရများ အကြား ကူညီထောက်ပံ့မှု ၊ ဆေးဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ၊ ဒေသတွင်း အစိုးရ မှ ကူညီထောက်ပံ့မှု နှင့် အရပ်ဘက် အဖွဲ့အစည်း မှ ကူညီထောက်ပံ့မှု ဟူ၍ ကဏ္ဍ ၄ ရပ် ဖြင့် အဓိက ကူညီထောက်ပံ့မှု များကို ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် တောင်ကိုရီးယား နိုင်ငံ အား နှာခေါင်းစည်း ၊ ရောဂါကာကွယ်ရေး ဝတ်စုံ နှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်း ရာ တွင် တရုတ် နိုင်ငံ ဒေသတွင်း အစိုးရ ပေါင်း ၂၀ ကျော် က Seoul ၊ Daegu နှင့်  Gyeongsangbuk-do မြို့ တို့ မှ တဆင့် အသီးသီး ပေးပို့ခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ မှ တောင်ကိုရီးယား နိုင်ငံ အား ကူညီထောက်ပံ့ပေးသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ တောင်ကိုရီးယား နိုင်ငံ အား ကူညီထောက်ပံ့ပေးသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ တောင်ကိုရီးယား နိုင်ငံ အား ကူညီထောက်ပံ့ပေးသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ကိန်းစွမ် က တရုတ် နိုင်ငံ အစိုးရ နှင့် ဒေသတွင်း အစိုးရ အဖွဲ့များစွာ က အီတလီ နိုင်ငံ အား ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့ပြီး တတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ကိုလည်း မကြာမီ စေလွှတ်ပေးမည် ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ ပိုးလမ်းမ ရန်ပုံငွေ အဖွဲ့ သည်လည်း အီတလီ နိုင်ငံ အစိုးရ အား N95 နှာခေါင်းစည်း အခုရေ ၂ သောင်း နှင့် ရောဂါ စစ်ဆေးမှု ကိရိယာ အခုရေ ၂ သောင်း အား လှူဒါန်းပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ က နိုင်ငံ အသီးသီး အား ပေးအပ်သည့် ထောက်ပံ့ရေး ပစ္စည်းများ ပေါ်တွင် တရုတ် နိုင်ငံ နှင့် နိုင်ငံတကာ မှ ဂန္တဝင် ကဗျာ များရေးသားခဲ့ပြီး တရုတ် နိုင်ငံ ပြည်သူလူထု က ကမ္ဘာ့ နိုင်ငံအသီးသီး ရှိ ပြည်သူလူထု များ နှင့် အတူတကွ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ပူးပေါင်းဆောင်ရွက်သွားရန် နှင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတူတကွ တည်ဆောက်သွာလိုသည့် ဆန္ဒအား ပေးပို့ခဲ့ခြင်း ဖြစ်သည်။  (Xinhua)