Connect with us

INTERNATIONAL ORGANIZATION

အတွေးအခေါ်သစ် နှင့် နည်းလမ်းသစ်များဖြင့် ကပ်ရောဂါ စိန်ခေါ်မှု ရင်ဆိုင်ဖြေရှင်းသွားရန် ကုလသမဂ္ဂ တိုက်တွန်း

ကုလသမဂ္ဂအထွေထွေညီလာခံ၌ အစည်းအဝေး ကျင်းပပြုလုပ်နေသည် ကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

 “ ကောင်းမွန်စွာ ပြန်လည်ထူထောင်ရေး – စီးပွားရေး နှင့် လူမှုရေး စိန်ခေါ်မှု နှင့် အခွင့်အလမ်း”များဆိုင်ရာ  မူဝါဒ အစီရင်ခံစာ တွင် နိုင်ငံအသီးသီး အနေဖြင့် အတွေးအခေါ်သစ် နှင့် နည်းလမ်းသစ် များဖြင့် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး နှင့် လူမှုရေး သက်ရောက်မှုများကို  တက်ကြွစွာ ရင်ဆိုင်သွားရန် ၊ အမြန်ဆုံး ကောင်းမွန်စွာ ပြန်လည်ထူထောင်သွားရန် ကမ္ဘာ့ကုလသမဂ္ဂက ဇူလိုင် ၂၂ ရက် ၌ ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်တွန်းထားသည်။ 

အစီရင်ခံစာထဲတွင် ကုလသမဂ္ဂ စီးပွားရေး နှင့် လူမှုရေး ဆိုင်ရာ အဆင့်မြင့် အကြံပေး ကော်မတီ ၏ ထင်ရှားသည့် ပညာရှင် ၇ ဦးက ရေးဆွဲထားသော ကပ်ရောဂါကြောင့် ကြုံတွေ့မည့် အခက်ခဲဆုံး စိန်ခေါ်မှုများအတွက် အတွေးအခေါ်သစ် နှင့် ဖြေရှင်းမှု နည်းလမ်းသစ် များ ကို အကြံပြုချက်များပါဝင်ကြောင်း သိရသည်။ ယင်း အစီရင်ခံစာ တွင် နိုင်ငံတကာ အခွန်ကိစ္စရပ် တွင် ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ၊ ပိုမိုတန်းတူညီမျှစွာ ဒီဂျစ်တယ် နည်းပညာ ရရှိစေခြင်း နှင့် ရေရှည်သဘာဝ အရင်းအမြစ် စီမံခန့်ခွဲရေး ဆိုင်ရာ ကိစ္စရပ်များတွင် အပြုသဘောဆောင်သော စဉ်စားသုံးသပ်ခြင်း ဆိုင်ရာ အကြံပြုချက် နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ ကပ်ရောဂါ ဆိုင်ရာ မူဝါဒ အပေါ် အကြံပြုချက်များ ပါဝင်ကြောင်း သိရသည်။

ကုလသမဂ္ဂ စီးပွားရေး နှင့် လူမှုရေး ဆိုင်ရာ အဆင့်မြင့် အကြံပေး ကော်မတီ ကို ၂၀၁၈ ခုနှစ် ဇွန် ၁၆ ရက် တွင် စတင် ထူထောင်ခဲ့ပြီး စီးပွားရေး နှင့် လူမှုရေး မူဝါဒ ကဏ္ဍ တွင် ကမ္ဘာပေါ်ရှိ ထင်ရှားသော ပညာရှင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ကော်မတီ ဖြစ်ကြောင်း နှင့် ယင်းကော်မတီတွင် နိုင်ငံ့ခေါင်းဆောင်များ ၊ နိုဘယ်လ်ဆု ရှင်များ နှင့် အဆင့်မြင့် အရာရှိဟောင်းများ ပါဝင်ကြောင်း သိရသည်။  (Xinhua)