ဆန်ဒီယေဂို၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် COVID-19ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ချီလီ ပြည်သူ့ ကျန်းမာရေးသုတေသနဌာန (ISP)က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ ၁၃၅,၇၂၁ ဦးတွင် သေဆုံးသူ ၂၉၉၇ ဦးရှိကြောင်း ယနေ့ ညပိုင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီရတ်နိုင်ငံက COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm နှင့် ဗြိတိန်နိုင်ငံ၏ AstraZeneca ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၁၉ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။
ဘီဂရိတ် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးဆားဘီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Zlatibor Loncar က ဇန်နဝါရီ ၁၉ ရက်၌ တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံမှုခံယူခဲ့ပြီး ဆားဘီးယားနိုင်ငံတွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေးအား ပထမဦးဆုံး...
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုအပြီးတွင် ဆင်ဟွာသတင်းဌာန၏ သတင်းဓာတ်ပုံတစ်ပုံကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြသည်။ အပြာရောင် သူနာပြုဝတ်စုံဝတ်ဆင်ထားသည့် လူငယ်ပိုင်းအရွယ် သူနာပြုဆရာမလေးတစ်ဦးက မွေးကင်းစအရွယ် ကလေးငယ်(၃)ဦးကို ရင်ဝယ်ပိုက်ပြီး ပခုံးတွင် တယ်လီဖုန်းညှပ်ဆက်သွယ်အကူအညီတောင်းခံနေရာ ၎င်း၏ရှေ့စားပွဲနှင့်အနောက်ကြမ်းခင်းပြင်တွင် ပေါက်ကွဲမှုကြောင့်...
ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ ငါးရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် လူနာသစ် ၄၄၈ ဦး ၊ ပိုးတွေ့ရှိမှု ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး...
ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံ၌ COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ တစ်လအတွင်း ၅ ရာခိုင်နှုန်းအောက် ကျဆင်းလာခဲ့သော်လည်း ရည်မှန်းထားသည့် ပန်းတိုင် မရောက်သေးသဖြင့် တက်ထောင်ခြင်း မပြုရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး...
ကန်ဘာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နော်ဝေနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုခံယူသူများ သေလုမျောပါးအခြေအနေများရှိခဲ့သော်လည်း သြစတြေးလျနိုင်ငံ၌ Pfizer ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သြစတြေးလျ အစိုးရ၏ ကာကွယ်ဆေးဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
လစ္စဘွန်း ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ပေါ်တူဂီနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသောကြောင့် အစိုးရအဖွဲ့ ဝန်ကြီးများကောင်စီ က ဇန်နဝါရီ ၁၈ ရက် အထူးအစည်းအဝေး တစ်ရပ်ကျင်းပ ပြုလုပ်ကာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်း သတ်မှတ်ခဲ့ကြသည်။...
ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဘရာဇီးနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ တရားဝင်ထိုးနှံမှု စတင်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာခဲ့သည်။