Connect with us

WORLD

ဗြိတိန်တွင် ကိုဗစ်ကြောင့်သေဆုံးသူ စံချိန်တင်မြင့်တက်၊ ဆေးရုံများတွင် စစ်တလင်းပြင်ကဲ့သို့ ဖြစ်နေဟု ဆို

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ St Thomas' ဆေးရုံရှေ့က ဖြတ်သန်းသွားသည့် လူနာတင်ယာဉ်အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကျန်းမာရေးစနစ်တွင် လက်ခံကုသထားသည့် လူနာအမြောက်အမြားဖြစ်နေပြီး ဝန်ပိအား အလွန်ကြီးနေကြောင်း၊ အချို့ဆေးရုံများတွင် စစ်တလင်းပြင်ကဲ့သို့ ဖြစ်နေကြောင်း ဗြိတိန်အစိုးရ၏ သိပ္ပံရေးရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် Patrick Vallance က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ဗြိတိန်၏ ဇန်နဝါရီ ၁၉ ရက် အစီရင်ခံသည့် ကိုဗစ်ထပ်တိုးသေဆုံးသူ လူနာအရေအတွက်သည် (၁,၆၁၀)ဦး ရှိခဲ့ရာ ၎င်းမှာ တစ်ရက်အတွင်း သေဆုံးသူဦးရေစံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာမဝန်ပိအားနှင့် ရင်ဆိုင်နေရ

ဗြိတိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု positive ပေါ်ပြီး (၂၈)ရက်အတွင်း သေဆုံးခဲ့သည့်လူနာများကိုသာ စာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ ထိုစာရင်းပြုစုသည့် စံနှုန်းအရ ဗြိတိန်တွင် ဇန်နဝါရီ ၁၉ ရက်က ကိုဗစ်ကြောင့် ထပ်တိုးသေဆုံးသူ (၁,၆၁၀)ဦးရှိရာ သေဆုံးသူဦးရေသည် ဇန်နဝါရီ ၁၃ ရက်၏ (၁,၅၆၄)ဦးကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဗြိတိန်၏ တစ်ရက်အတွင်း ထပ်တိုးသေဆုံးသူ အရေအတွက် အများဆုံးအဖြစ် စံချိန်သစ် တင်ခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဘတ်စ်ကားဂိတ်တစ်ခုတွင် ပါးစပ်နှာခေါင်းစည်း၊မျက်နှာအကာအကွယ်တပ်ဆင်ရန်နှင့် မတပ်ဆင်ပါက ဒဏ်ငွေအများဆုံးအဖြစ် ပေါင်ငွေ(၆,၄၀၀)အထိ ဒဏ်တပ်ခံရမည့် သတိပေးဆိုင်းဘုတ်တစ်ခုအား ဇန်နဝါရီ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်အစိုးရ၏ ကိန်းဂဏန်းများအရ ဇန်နဝါရီ ၁၉ ရက်အထိ ၎င်းနိုင်ငံအတွင်း သေဆုံးခဲ့သည့် ကိုဗစ်လူနာ စုစုပေါင်း (၉၁,၄၇၀)ဦး ရှိရာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် မက္ကဆီကို ပြီးလျှင် ကမ္ဘာတွင် သေဆုံးသူဦးရေ ပဥ္စမမြောက် အများဆုံးနိုင်ငံနှင့် ဥရောပတွင် အများဆုံးနိုင်ငံဖြစ်သည်။

ဆေးရုံတင်လူနာ ရုတ်ခြည်းတိုးပွားလာခြင်းကြောင့် ကျန်းမာရေးစနစ်က ဧရာမကြီးမားသည့် ဝန်ပိအားနှင့် ရင်ဆိုင်နေရကြောင်း၊ အချိုဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ၏ အလုပ်များပုံက စစ်တိုက်နေသကဲ့သို့ ဖြစ်နေကြောင်း Patrick Vallanceက ဗြိတိန် Sky Newsကို ပြောကြားသည်။

“ခင်ဗျားတို့ ပန်းခြံမှာ လမ်းလျှောက်နေရင်တော့ ဘာမှထူးခြားပြောင်းလဲသွားတယ်လို့ ခံစားမိမှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ဆေးရုံတစ်ရုံကို ဝင်လိုက်ရင်တော့ အဲဒီက အခြေအနေတွေ အလွန့်အလွန် ဆိုးဝါးနေတယ်၊ ဧရာမဝန်ပိအားနဲ့ ရင်ဆိုင်နေပါတယ်။ အချို့ဆေးရုံတွေမှာဆို လူတွေလက်မလည်အောင် အလုပ်များနေရတယ်၊ ဆေးရုံက စစ်တလင်းပြင်လိုပါပဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိ ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဆေးရုံတင်ကုသမှုခံယူနေသူ စုစုပေါင်း (၃၇,၉၄၆)ဦးရှိပြီး ၎င်းတို့အနက် (၃,၉၁၆)ဦးက အသက်ရှူစက်အသုံးပြုနေရကြောင်း သိရသည်။ ရိုက်တာ၏ ကိန်းဂဏန်းများအရ ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ (၄.၂၇)သန်းရှိကြောင်း သိရသည်။

သင်ခန်းစာ ရယူရမည်ဖြစ်

ဗြိတိန် ပြည်သူအချို့က ဘောရစ်ဂျွန်ဆင် အစိုးရ၏ ကိုဗစ်ကပ်ရောဂါ ကနဦးကာလ ဖြေရှင်းမှုများ လျော့ရဲခဲ့သည်ဟု ယူဆကြရာ တုံ့ပြန်မှုနှောင့်နှေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို အချိန်မီ အကာအကွယ်မပေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုစနစ်တွင် လစ်ဟာမှုများစွာရှိကြောင်း ဆိုသည်။ ဆရာဝန်နှင့် လူနာမိသားစုဝင်အချို့က အစိုးရ၏ကပ်ရောဂါတုံ့ပြန်မှုအပေါ် အများ၏သံသယမေးခွန်းထုတ်မှုကို ဖြေကြားရန် တောင်းဆိုခဲ့သည်။

သေဆုံးလူနာ မြင့်တက်လာရခြင်းနှင့်ပတ်သက်၍ ဗြိတိန် ပြည်ထဲရေးဝန်ကြီး Priti Patelက ယခုဖြစ်ပွားမှုသည် အကြောင်းအရင်းများစွာ ရှိကြောင်း ၊ ယခုအချိန်သည် အစိုးရလစ်ဟင်းမှုအမှားကို ငြင်းခုံရမည့် အချိန်အခါမဟုတ်သေးကြောင်း ဇန်နဝါရီ ၂၀ ရက် LBC၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။ လာမည့် သင့်လျော်သည့်အချိန် ရောဂါကာကွယ်ရေးဖြစ်စဉ်တွင် မည့်သည့်အပိုင်းကို ပို၍ကောင်းမွန်အောင်လုပ်ဆောင်နိုင်သည်ကို အစိုးရက ပြန်ပြီး သုံးသပ်အကဲဖြတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရမည့် ယခုအရေးကြီးအချိန်အခါတွင် အစိုးရက ဆုံးဖြတ်မှု အမျိုးမျိုးကို လျင်မြန်စွာ လုပ်ဆောင်နေရပြီး အမှားထဲက သင်ခန်းစာရယူနေကြောင်း Priti Patelကဆိုသည်။
“ကျွန်တော်တို့ တစ်ခါတစ်လေ လုပ်တာမှန်တာရှိမယ်၊ မှားတာရှိမယ်၊ အတွေ့အကြုံတွေကနေ အများကြီး သင်ယူမှုတွေ ရရှိခဲ့တယ် ”ဟု Patrick Vallanceက ဗြိတိန် Sky Newsကို ပြောသည်။

သင်ခန်းစာအတွေ့အကြုံအသေးစိတ်ကို ပြောကြားရာတွင် Patrick Vallanceက ကန့်သတ်မှုနည်းလမ်းများကို “ပို၍စောလျဉ်းစွာ၊ ပို၍တင်းကျပ်စွာ၊ ပို၍ ကျယ်ပြန့်စွာ”လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆိုသည်။
လော့ခ်ဒေါင်း ဖျက်သိမ်းခြင်းကို စောလျဉ်းစွာ လုပ်ဆောင်သည့် နည်းလမ်းသည် မှားယွင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကန့်သတ်ချက် ဖြေလျှော့မှု မြန်လွန်းသည့်အကြိမ်တိုင်းတွင် ကပ်ရောဂါ၏ ကိန်းဂဏန်းလှိုင်းလုံးတိုးလာရာ တစ်ကမ္ဘာလုံးတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

————————————————
(Chinese Version)

英国新冠病亡人数创纪录 医院“如同战区”

Image Carouse
  新华社北京1月21日电(记者郭倩)英国政府首席科学顾问帕特里克•瓦兰斯20日说,医疗系统接治大量病人,压力巨大,一些医院眼下“如同战区”。英国19日报告新增新冠死亡病例1610例,创单日新增病例数新高。
压力巨大
  英国政府只统计“新冠病毒检测阳性后28天内死亡”的病例。按照这一统计标准,英国19日报告新增新冠死亡病例1610例,超过13日的1564例,刷新该国疫情暴发以来单日新增死亡病例最高纪录。
按照英国政府的统计数据,截至19日,英国累计新冠病亡人数为91470人,排在美国、巴西、印度和墨西哥之后,为全球第五高、欧洲最高。
 瓦兰斯告诉英国天空新闻频道,入院人数猛增,医疗体系承受巨大压力,一些医院里医护人员“忙得跟打仗似的”。“当你在公园里散步,你可能感受不到异样,但是当你走进一家医院,那里的情况特别特别糟,压力巨大。在一些医院,人们忙不过来,(医院)看起来如同战区。”
 目前英国共有37946人因感染新冠病毒住院,其中3916人正在使用呼吸机。按照路透社数据,英国已有大约427万人接种第一剂新冠疫苗。
吸取教训
英国一些民众认为鲍里斯•约翰逊政府前期应对新冠疫情不力,体现在反应迟缓、没有及时给医务人员提供足够的保护性装备、新冠病毒检测体系漏洞百出等。一些医生和病人家属要求就政府应对疫情的表现进行公共质询。

英国内政大臣普丽蒂•帕特尔20日接受伦敦广播公司电台采访,当被问到病亡人数为何如此之高,她回答说,这由多个因素造成,“但现在不是讨论政府过失的时候”,将来适当的时候政府会重新评估防疫过程,检讨哪些部分当时能做得更好。
 帕特尔说,现在是防控疫情的重要关头,政府每天要快速作出各类决定,正在从错误中吸取教训。
  瓦兰斯对天空新闻频道说:“我们有时做对了,有时做错了,我们从过往经历中学到很多。”
  谈到具体的经验教训,瓦兰斯总结说,关于施行限制性措施的教训是“应该更早、更严格、更广泛地”采取行动。
他说,过早解除“封城”等限制性措施也是错误的。“每一次太快解除”限制措施,疫情数据“就会出现一波增长,在全球都是如此”。

图说1:2020年12月31日,一辆救护车从英国伦敦的圣托马斯医院前驶过。(新华社记者韩岩摄)
图说2:1月19日在英国伦敦一处公交车站拍摄的提示牌,提醒乘客必须佩戴面部遮盖物,否则面临最高6400英镑(约合56500元人民币)的罚款。(新华社记者韩岩摄)