Connect with us

WORLD

ဆားဘီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး တရုတ်နိုင်ငံမှ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူ

ဆားဘီးယားနိုင်ငံကျန်းမာရေးဝန်ကြီး Zlatibor Loncar က ဇန်နဝါရီ ၁၉ ရက်၌ တရုတ်နိုင်ငံ မှ COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံမှုခံယူနေစဉ် (ဓာတ်ပုံ-ဆားဘီးယားသတင်းအေဂျင်စီ)

ဘီဂရိတ် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
ဆားဘီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Zlatibor Loncar က ဇန်နဝါရီ ၁၉ ရက်၌ တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံမှုခံယူခဲ့ပြီး ဆားဘီးယားနိုင်ငံတွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေးအား ပထမဦးဆုံး ထိုးနှံမှုခံယူသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ဆားဘီးယားနိုင်ငံ အစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ ဝန်ကြီး Zlatibor Loncar အနေဖြင့် နိုင်ငံမြို့တော် ဘီဂရိတ် ရှိ ပြပွဲစင်တာ တစ်ခုတွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆားဘီးယားနိုင်ငံကျန်းမာရေးဝန်ကြီး Zlatibor Loncar က ဇန်နဝါရီ ၁၉ ရက်၌ တရုတ်နိုင်ငံမှ COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံမှုခံယူရန်ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ဆားဘီးယားသတင်းအေဂျင်စီ)
ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးနောက်တွင် Zlatibor Loncar က တရုတ်နိုင်ငံမှ ကာကွယ်ဆေးသည် ဆားဘီးယားနိုင်ငံမှ ခွင့်ပြုချက်ပေးခဲ့သည့် ကာကွယ်ဆေး သုံးမျိုးအနက် တစ်မျိုးအပါအဝင် ဖြစ်ပြီး တရုတ်နိုင်ငံမှ ကာကွယ်ဆေးသည် လုံခြုံမှု နှင့် ထိရောက်မှုရှိသော ကာကွယ်ဆေးဖြစ်ကြောင်း ၊ ပြည်သူလူထုများအနေဖြင့် ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းလိုပြီး ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းသည် ဆားဘီးယားနိုင်ငံ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တစ်ခုတည်းသော ရွေးချယ်ရာလမ်းကြောင်းဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံက တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ မှ ဝယ်ယူသော ပထမအသုတ် COVID-19 ကာကွယ်ဆေးသည် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းအချိန်တွင် ဘီဂရိတ်မြို့သို့ ရောက်ရှိခဲ့သည်။

ဆားဘီးယားနိုင်ငံ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာဌာနက သက်ဆိုင်ရာ စာရွက်စာတမ်းနှင့် အထောက်အထားများအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ရောဂါ ကာကွယ်ဆေး အပေါ် အရည်အသွေး ၊ ထိရောက်မှု နှင့် လုံခြုံမှု အား အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ကာ ဇန်နဝါရီ ၁၈ ရက်၌ ကာကွယ်ဆေး အား အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆားဘီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၉ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆားဘီးယားနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁,၆၉၉ ဦးရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၇၅,၇၉၉ ဦးအထိရောက်ရှိလာကာ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၃,၇၉၁ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)
——————————————–
(Chinese Version)
(国际疫情)塞尔维亚卫生部长接种中国新冠疫苗
2021-01-20 05:01:28 分类: 医药卫生
  新华社贝尔格莱德1月19日电塞尔维亚卫生部长隆查尔19日接种了中国国药集团生产的新冠疫苗,成为中国疫苗在塞的首名接种者。
  据塞尔维亚政府网站发布的消息,隆查尔当天在塞首都贝尔格莱德的展览中心接种点接种了新冠疫苗。
  隆查尔在接种疫苗后说,中国疫苗是在塞尔维亚获批使用的三种新冠疫苗之一,是安全有效的疫苗。他呼吁民众接种新冠疫苗,并表示接种疫苗是塞尔维亚抗击新冠疫情的唯一途径。
  塞方采购的首批中国国药集团生产的新冠疫苗16日上午运抵贝尔格莱德。
  塞尔维亚药品和医疗器械局在对相关文件与科学证据进行审评后,确认中国国药集团生产的新冠疫苗的质量、有效性与安全性,并于18日批准在该国使用该款疫苗。
塞尔维亚卫生部19日公布的数据显示,过去24小时,塞尔维亚新增新冠确诊病例1688例,累计确诊375799例,累计死亡3791例。(完)

Photo
(1)1月19日,塞尔维亚卫生部长隆查尔(左)在塞尔维亚首都贝尔格莱德接种中国新冠疫苗。新华社发(塞尔维亚通讯社供图)
(2)1月19日,塞尔维亚卫生部长隆查尔(右一)在塞尔维亚首都贝尔格莱德准备接种中国新冠疫苗。新华社发(塞尔维亚通讯社供图)