Connect with us

WORLD

တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို ချီလီနိုင်ငံတွင် အရေးပေါ်အသုံးပြုခွင့်ပေး

ချီလီ ကျန်းမာရေးဝန်ကြီး Enrique Parisသည် ဆန်ဒီယေဂို သမ္မတအိမ်တော်တွင် သတင်းစာရှင်းလင်းပွဲကျင်းပနေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဒီယေဂို၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် COVID-19ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ချီလီ ပြည်သူ့ ကျန်းမာရေးသုတေသနဌာန (ISP)က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာခဲ့သည်။

တရုတ် Sinovacကာကွယ်ဆေးသည် ဘေးကင်းထိရောက်သည့်ကာကွယ်ဆေးတစ်ခုဖြစ်ရာ ရောဂါအပြင်းအထန်ကူးစက်နိုင်ခြင်း နှင့် ဆေးရုံတင်လူနာအရေအတွက် ထိရောက်စွာ လျှော့ချပေးနိုင်ခြင်းကြောင့် အရေးပေါ်သုံးစွဲရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ချီလီပြည်သူ့ကျန်းမာရေးသုတေသနဌာန ယာယီညွှန်ကြားရေးမှုး Heriberto Garciaက ယင်းနေ့က ကျင်းပသည့် ပညာရှင်ကော်မတီ မဲခွဲဆုံးဖြတ်မှုအပြီးတွင် ပြောကြားခဲ့သည်။

ချီလီ ကျန်းမာရေးဝန်ကြီး Enrique Parisနှင့် သိပ္ပံနည်းပညာဝန်ကြီး Andres Couveတို့ ဆန်ဒီယေဂို သမ္မတအိမ်တော်တွင် သတင်းစာရှင်းလင်းပွဲကျင်းပနေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချီလီ ကျန်းမာရေးဝန်ကြီး Enrique Parisနှင့် သိပ္ပံနည်းပညာဝန်ကြီး Andres Couveတို့ ဆန်ဒီယေဂို သမ္မတအိမ်တော်တွင် သတင်းစာရှင်းလင်းပွဲကျင်းပနေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချီလီသည် လက်ရှိတွင် Sinovac ကုမ္ပဏီနှင့်အတူ COVID-19ကာကွယ်ဆေး တတိယအဆင့် လက်တွေ့စမ်းသပ်မှုများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ယခုကာလများတွင် ချီလီ၏ ကိုဗစ်ကပ်ရောဂါအခြေအနေ တစ်ကျော့ပြန် ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ ချီလီ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဇန်နဝါရီ ၁၉ ရက် ၂၁ နာရီအထိ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19ရောဂါ ထပ်တိုးကူးစက်သူ (၃,၅၈၃)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၆၈၀,၇၄၀)ဦး၊ ထပ်တိုးသေဆုံးသူ (၂၁)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၁၇,၅၉၄)ဦး ရှိကြောင်း သိရသည်။(Xinhua)

————————————————
(Chinese Version)

(国际疫情)中国科兴新冠疫苗在智利获紧急使用许可

 新华社圣地亚哥1月20日电(记者尹南 张笑然)智利公共卫生研究院20日宣布,给予中国科兴公司研发的新冠疫苗紧急使用许可。
智利公共卫生研究院代院长加西亚当天在专家委员会投票结束后说,中国科兴疫苗是一款安全和有效的疫苗,能够有效降低重症感染率和入院率,因此决定给予其紧急使用许可。
  智利目前正与科兴公司合作进行新冠疫苗三期临床试验。
  智利新冠疫情近期出现反弹。智利卫生部发布的数据显示,截至19日21时,该国过去24小时新增新冠确诊病例3583例,累计确诊680740例;新增死亡病例21例,累计死亡17594例。(完)

图说1:1月20日,智利卫生部长帕里斯出席在圣地亚哥总统府召开的新闻发布会。
图说2: 1月20日,智利卫生部长帕里斯(左)和科技部长顾夫出席在圣地亚哥总统府召开的新闻发布会。
图说3: 1月20日,智利卫生部长帕里斯(前)和科技部长顾夫出席在圣地亚哥总统府召开的新闻发布会。