Connect with us

WORLD

တရုတ်နိုင်ငံဆေးပညာရှင်အဖွဲ့ ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ ပစ္စည်းများနှင့်အတူ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိ 

တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးဆေးပညာရှင်အဖွဲ့ ဧပြီ ၁၁ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးပညာရှင်အဖွဲ့တစ်ဖွဲ့သည် ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်ကာ ရုရှားနိုင်ငံ မော်စကို မြို့သို့ ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်းသိရသည်။

“တရုတ်နိုင်ငံမှာ ကပ်ရောဂါကြုံတွေ့နေရချိန် ရုရှားနိုင်ငံပြည်သူတွေက အစောဆုံးလက်ကမ်း ဖေးမကူညီခဲ့တာကို ကျွန်တော်တို့မမေ့ပါဘူး”ဟု တရုတ်နိုင်ငံ ဆေးပညာရှင်အဖွဲ့ခေါင်းဆောင်၊ ဟေးလုံကျန်းပြည်နယ် CPPCC ဒုတိယဥက္ကဌ ဟောဟွေ့လုံက ဆိုသည်။

တရုတ်-ရုရှား နှစ်နိုင်ငံသည်  ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးရှိသည့် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြကြောင်း၊ လက်ရှိ ရုရှားနိုင်ငံတွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အခက်အခဲကြုံတွေ့နေချိန်တွင် တရုတ်နိုင်ငံအနေဖြင့် မိမိကိုယ်တိုင်ကြုံတွေ့ရသကဲ့သို့ပင် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့စေလွှတ်ပြီး ရုရှားပညာရှင်များ နှင့် တရုတ်နိုင်ငံ၏ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများကို မျှဝေသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါ ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့တွင် အဖွဲ့ဝင် ၁၀ ဦးပါရှိပြီး တရုတ်နိုင်ငံ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးစင်တာ၊ ဟေးလုံကျန်း ပြည်နယ်ရောဂါကာကွဘ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ၊ဟေးလုံကျန်းပြည်နယ် ကူးစက်ရောဂါ ကာကွယ်ကုသရေးဌာန၊ဟာအယ်ပင်း ဆေးတက္ကသိုလ် အမှတ် (၁)ဆေးရုံ၊ အမှတ်(၂)ဆေးရုံ၊ ဟေးလုံကျန်းပြည်နယ် တရုတ်တိုင်းရင်းဆေးသိပံ္ပများမှ ဓါတ်ခွဲစမ်းသပ်မှု၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်မှု၊ အသက်ရှုလမ်းကြောင်းနှင့်ပြင်းထန်ရောဂါကုသရေး၊ တရုတ်တိုင်းရင်းဆေး ပညာရှင်များပါဝင်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.