Connect with us

WORLD

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ် အီရတ်နိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေးများ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရောက်ရှိလာသည်ကို ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ အီရတ်နိုင်ငံသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်သည် ဧပြီ ၁၁ ရက်က အီရတ်မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းထောင်း၊ အီရတ် ကျန်းမာရေးဝန်ကြီးHassan al-Tamimiတို့က ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ပြုလုပ်သော ကာကွယ်ဆေး လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားသို့အတူ တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေးများ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရောက်ရှိလာသည်ကို ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေးများ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရောက်ရှိလာသည်ကို ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေးများ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရောက်ရှိလာသည်ကို ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေးများ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရောက်ရှိလာသည်ကို ဧပြီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ကျန်းထောင်းက တရုတ်နှင်အီရတ်သည် မိတ်ဆွေကောင်း၊မိတ်ဖက်ကောင်းဖြစ်ရာ ကပ်ရောဂါအတူတိုက်ဖျက်ရာတွင် လက်ရှိအခက်အခဲကို အပြန်အလှန်ကူညီဖေးမခဲ့ကြောင်း ဆိုသည်။ အီရတ်နိုင်ငံ၏ ကပ်ရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိရာ အခုကာလများတွင် တစ်ကျော့ပြန်ဖြစ်နေသည်ကို သတိထားမိကြောင်း ထို့အတွက် အခက်အခဲများကို ကျော်လွှား၍ နှစ်လမပြည့်ခင်အချိန်အတွင်း အီရတ်သို့ ကာကွယ်ဆေးပံ့ပိုးမှု နှစ်ကြိမ်ပေးခဲ့ရာ အီရတ်အစိုးရနှင့်ပြည်သူများ၏ အားကောင်းသည့် ကပ်ရောဂါကာကွယ်ရေးလမ်းကြောင်း တည်ဆောက်ရာတွင် အထောက်အပံ့ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Hassan al-Tamimiကလည်း အီရတ်အစိုးရကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အီရတ်သို့ ပထမဆုံးကာကွယ်ဆေး အကူအညီပေးသည် နိုင်ငံဖြစ်ပြီး အသစ်ရောက်ရှိသည့် ကာကွယ်ဆေးများက ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် အရေးကြီးကြောင်း ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အသီးသီးကို ကာကွယ်ဆေး မျှတစွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ထိုမတိုင်မီ တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် မတ် ၂ ရက်က ဘဂ္ဂဒက်မြို့ ကို ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိ အီရတ်နိုင်ငံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်သည့် COVAX အစီအစဉ်ဖြင့် ရရှိသည့် ကာကွယ်ဆေးနှင့် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကာကွယ်ဆေးများအား အဓိကလူအုပ်စုများကို ဦးစားပေးထိုးနှံလျက်ရှိကြောင်း သိရသည်။

အီရတ်အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး၏ ဧပြီ ၁၁ ရက် ထုတ်ပြန်ချက်တွင် ယခုရက်ပိုင်း အီရတ်တွင် ကိုဗစ် အတည်ပြုလူနာ ထိတ်လန့်ဖွယ်တိုးပွားလာမှုကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ လူထုအား ကာကွယ်ဆေး လျင်မြန်စွာ ထိုးနှံကြဖို့ တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။

ဧပြီ ၁၁ ရက်အထိ အီရတ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ (၁၄၁,၀၅၉) ရှိကြောင်း သိရသည်။

အီရတ်ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၁၁ ရက် သတင်းများအရ ယင်းနေ့တွင် အသစ်ထပ်တိုးအတည်ပြုလူနာ(၆,၇၉၁)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၉၂၄,၉၄၆)ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ (၃၅)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၁၄,၇၁၃)ဦး ရှိကြောင်း သိရသည်။(Xinhua)
————————————-
(Chinese Version)
(国际疫情)中国援助的第二批新冠疫苗运抵伊拉克
2021-04-12 10:34:32
 新华社巴格达4月11日电中国政府援助伊拉克的第二批新冠疫苗11日运抵伊首都巴格达。中国驻伊拉克大使张涛、伊卫生部长哈桑•塔米米等前往巴格达国际机场迎接并出席疫苗交接仪式。
张涛在交接仪式上说,中国和伊拉克是好朋友、好伙伴,在共同抗击疫情的过程中守望相助、共克时艰。中方密切关注伊拉克疫情发展,并注意到近期伊疫情出现较大反复。为此, 中方急伊拉克朋友所急,克服重重困难,在不到两个月的时间内连续向伊方提供两批次疫苗援助,相信援助的到来一定会帮助伊拉克政府和人民构筑有力的抗疫防线。
 塔米米代表伊拉克政府对中国援助疫苗的再次到来表示感谢。他说,中国是第一个向伊拉克援助疫苗的国家,新一批援助疫苗将为伊疫情防控发挥重要作用,卫生部将保障疫苗公平分配到各省。
 此前,中国援助的首批新冠疫苗于3月2日运抵伊拉克。目前,伊拉克依靠由世界卫生组织主导的“新冠肺炎疫苗实施计划”和中国援助疫苗为重点人群优先接种。
世卫组织驻伊拉克办事处11日发表声明,对伊拉克近期新冠确诊病例数“惊人”增加表示关切,敦促伊民众尽快接种疫苗。截至11日,伊拉克卫生部已完成新冠疫苗接种141059人次。
  伊拉克卫生部11日通报,该国当天新增确诊病例6791例,累计确诊924946例;新增死亡病例35例,累计死亡14713例。(完)
新华社照片,巴格达,2021年4月12日
(国际疫情)中国援助的第二批新冠疫苗运抵伊拉克
4月11日,载有中国援助的新冠疫苗的飞机抵达伊拉克巴格达。
中国政府援助伊拉克的第二批新冠疫苗11日运抵伊首都巴格达。
新华社发(哈利勒•达伍德摄)