Connect with us

WORLD

ပြင်သစ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ ၁၄,၃၉၃ ဦးရှိ ၊ အထူးကြပ်မတ်ကုသမှုခံယူသူ ဆက်လက်လျော့ကျလာ

ပြင်သစ်နိုင်ငံ Neuilly-Plaisance တွင် ဗိုင်းရပ်စ်ကာကွယ်ရေး ဆေးဖြန်းနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပါရီ ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ဧပြီ ၁၂ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ စုစုပေါင်း ၁၄,၃၉၃ ဦးရှိခဲ့ကြောင်း ၊ ဧပြီ ၁၂ရက်က တစ်ရက်တာအတွင်း သေဆုံးသူ ၅၆၁ ဦးရှိခဲ့ရာ ဧပြီ ၁၁ ရက်တွင် သေဆုံးသူ ၆၄၃ ဦးနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခဲ့ကြောင်း ၊ ထို့ပြင် အထူးစိုးရိမ်ဖွယ် လူနာအရေအတွက်မှာလည်း လေးရက်မြောက် ဆက်လက်လျော့ကျလာခဲ့ကြောင်း သိရသည်။

နေ့စဉ်ဆေးရုံအသီးသီး၌ သေဆုံးသူအရေအတွက်မှာ ၉,၂၅၃ ဦးရှိခဲ့ပြီး ဧပြီ ၁၂ ရက်တွင် သေဆုံးသူ ၃၁၅ ဦးရှိခဲ့ကြောင်း ၊  ဧပြီ ၁၁ ရက်တွင် သေဆုံးသူ ၃၄၅ ဦး နှင့် ဧပြီ ၁၀ ရက်တွင် ၅၅၄ ဦး တို့နှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ Neuilly-Plaisance တွင် ဗိုင်းရပ်စ်ကာကွယ်ရေး ဆေးဖြန်းနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပြုစုစောင့်ရှောက်ရေးအိမ်ရာများတွင် သေဆုံးသူ ၂၅၁ ဦးထပ်မံတိုးခဲ့ရာ နိုင်ငံအတွင်း ရောဂါကူးစက်ပြန့်နှံ့မှုစတင်ခဲ့သည့် မတ် ၁ ရက် မှစတင်ကာ nursing homes များတွင် သေဆုံးသူ ၅,၁၄၀ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

လက်ရှိတွင် COVID-19 လူနာပေါင်း ၆,၈၄၅ ဦး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရာ ဧပြီ ၁၁ ရက်တွင် ရှိခဲ့သော ၆,၈၈၃ ဦး အရေအတွက်ဖြင့်နှိုင်းယှဉ်ပါက လျော့ကျသွား ခဲ့ကြောင်း ၊ ယင်းမှာ ပြင်သစ်နိုင်ငံအတွင်း ICU အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူရသူ လေးရက်ဆက်တိုက် လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

လက်ရှိတွင် COVID-19 လူနာပေါင်း ၃၁,၈၂၆ ဦးဆေးရုံအသီးသီးတွင် ကုသမှုဆက်လက်ခံယူနေရဆဲဖြစ်ကြောင်း ၊ ယင်းမှာ ဧပြီ ၁၁ ရက်ကထက် ၁,၆၈၈ ဦးတိုးလာခဲ့ခြင်းဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာပင် လူနာပေါင်း ၈၂၅ ဦးပြန်လည်သက်သာကောင်းမွန်လာခဲ့ကြောင်း ၊ မတ်လမှစတင်ကာ ဆေးရုံဆင်းခွင့်ရသော ပျောက်ကင်းလူနာအရေအတွက် ၂၇,၁၈၆ ဦးရှိကြောင်း သိရသည်။

“ ဒီအချက်အလက်တွေအရ ကူးစက်ရောဂါဟာ ကျွန်တော်တို့နိုင်ငံထဲမှာ ဆက်လက်ပြန့်နှံ့နေတာကို ဖော်ပြနေပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။ ပြည်သူများအနေဖြင့် အသွားအလာကန့်သတ်မှုအမိန့်ကို လေးစားလိုက်နာရန် နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာနေထိုင်ကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.