Connect with us

WORLD

လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ထပ်မံတိုးမြှင့်ရန် ကတိပြု

လာအိုပြည်သူ့လွတ်မြောက်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ အောက်တိုဘာ ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
လာအိုပြည်သူ့လွတ်မြောက်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် (Bounnhang Vorachith) သည် လာအိုနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား အောက်တိုဘာ ၁၄ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သော အရှိန်အဟုန်ကို ထိန်းသိမ်းလျက်ရှိကြောင်း၊ LPRP ပါတီ၊ လာအိုအစိုးရနှင့် ပြည်သူများ၏ကိုယ်စား လာအိုနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် ကြီးမားသော ထောက်ပံ့မှုပေးခဲ့သည့်အတွက် ညီနောင်ဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ (CPC) ၊ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ကြောင်း ဘွန်ညံက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အလေးအနက်ထားကာ ရှေ့ဆက်တွန်းအားပေးလျက်ရှိကြောင်း၊ ယင်းတို့မှာ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ဘုံစံနမူနာများနှင့် ပန်းတိုင်များကို မီးမောင်းထိုးပြခဲ့ကြောင်း ၎င်းတို့က ပြောခဲ့သည်။

လာအိုနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ရှိနှင့်ပြီးသားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအသစ်များအတွက် တွန်းအားပေး ဆောင်ရွက်ရန်နှင့် လာအို-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေး ပိုမိုကြွယ်ဝစေရန် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသစ်များ တိုးချဲ့ရေးများအတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဘွန်ညံက ဆိုသည်။

ထို့ပြင် လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ၎င်းတို့နိုင်ငံ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများ ထိန်းသိမ်းရာတွင် အခိုင်အမာထောက်ခံလျက်ရှိသလို လာအို-တရုတ် အေးအတူ၊ ပူအမျှ အသိုက်အဝန်း ပူးတွဲတည်ဆောက်ရန် အခိုင်အမာရပ်တည်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ၌ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက LPRP နှင့် the CPC ပါတီများကြားနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးသည် COVID-19 ကပ်ရောဂါကြောင့် သက်ရောက်မှုမရှိခဲ့ကြောင်း၊ သို့သော် စမ်းသပ်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ခိုင်မာလာခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အခက်အခဲများကို ကျော်လွှားရန် အပြန်အလှန် ထောက်ပံ့မှု၊ စည်းလုံးညီညွတ်မှုနှင့် ပူးတွဲကြိုးပမ်းဆောင်ရွက်မှုများအားဖြင့် နှစ်နိုင်ငံသည် COVID-19 ကပ်ရောဂါကို ထိရောက်စွာ ထိန်းချုပ်ထားလျက်ရှိပြီး ၎င်းတို့၏ အုပ်ချုပ်ရေးစွမ်းဆောင်ရည်နှင့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးအယူအဆများအပြင် အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးသဘောထားကို ခင်းကျင်းပြသနေကြောင်း ဝမ်က ဆိုသည်။

တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့်အတူ အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး၊ အပြန်အလှန်ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ကူညီမှု ခိုင်မာရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ချမှတ်ထားသည့် ပန်းတိုင်တစ်ခုဖြစ်သော တရုတ်-လာအို အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေး အဆင့်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများ အကျိုးကျေးဇူးရရှိစေရန် ပါတီနှစ်ခုနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းစွာရှိရေး စသည်တို့အတွက် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်က ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများ အောင်မြင်စွာဖော်ထုတ်ပြီး၍ အသုံးပြုနိုင်သည့်အခြေအနေသို့ ရောက်ရှိလာပါက လာအိုနိုင်ငံ ရရှိနိုင်ရေး ဦးစားပေးကမ်းလှမ်းရန်၊ မောင်းနှင်အားအဖြစ် တရုတ်-လာအို စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမကို ပူးတွဲတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန်နှင့် လာအိုနိုင်ငံ စီးပွားရေး ကူညီရန်နှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း တိုးတက်ရန် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ရန် ဆန္ဒရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)