Connect with us

WORLD

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အရွယ်ရောက်ပြီးသား အမေရိကန်ပြည်သူ ၉၀ ရာခိုင်နှုန်း သုံးပတ်အတွင်း ကာကွယ်ဆေးထိုးနှံမှု ရရှိမည်ဟု ဆို

အမေရိကန် နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားနေသည်ကို တိုက်ရိုက်ထုတ်လွှင့်နေစဉ်(ဆင်ဟွာ)

 

ဝါရှင်တန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

အရွယ်ရောက်ပြီးသား အမေရိကန်ပြည်သူ ၉၀ ရာခိုင်နှုန်းသည် လာမည့်သုံးပတ်အတွင်း COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိကြမည်ဖြစ်‌ကြောင်း အမေရိကန် နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က မတ် ၂၉ ရက်တွင် ကြေညာခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်က အရွယ်ရောက်ပြီးသား အမေရိကန်နိုင်ငံသား ၉၀ ရာခိုင်နှုန်းသည် ဧပြီလ ၁၉ ရက် နောက်ဆုံးထား၍ ကာကွယ်ဆေး ရရှိလိမ့်မည် ဖြစ်ကြောင်း ၊ ကျန်ရှိသော ၁၀ ရာခိုင်နှုန်းသည် မေ ၁ ရက် နောက်ဆုံးထား၍ ရရှိလိမ့်မည် ဖြစ်ကြောင်း အိမ်ဖြူတော် ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၌ ပြည်နယ် ၂၇ ခုတွင် COVID-19 အတည်ပြုလူနာသစ်များ မြင့်တက်လာခဲ့ပြီးနောက် ၎င်းက ထိုသို့ မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ပြည်သူများအကြား ကိုဗစ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းကဲ့သို့သော တစ်ကိုယ်ရေအကာအကွယ်များ လျော့ရဲလာခဲ့ခြင်းကြောင့် COVID-19 ရောဂါကူးစက်မှုများ ပြန်လည် မြင့်တက်လာခဲ့ကြောင်း ၊ ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ခြင်းက ကပ်ရောဂါကို တစ်ကျော့ပြန် ဆိုးရွားစေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဘိုင်ဒန်က နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး ပြဌာန်းမှုများကို ပြန်လည်အသက်သွင်းရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ညွှန်ကြားသွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က မေ ၁ ရက် နောက်ဆုံးထား၍ အမေရိကန်နိုင်ငံသားအားလုံးအနေဖြင့် COVID-19 ကာကွယ်ဆေး ရရန် ပြည်နယ်များ ၊ လူမျိုးစုများ နှင့် နယ်နိမိတ်များကို တိုက်ရိုက် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————————
(English Version)
Biden says 90 pct of adult Americans eligible to be vaccinated in 3 weeks
WASHINGTON, March 29 (Xinhua) — U.S. President Joe Biden announced on Monday that 90 percent of adult Americans will be eligible to get COVID-19 vaccination in three weeks.
He told a White House briefing that while 90 percent of adult Americans will be eligible to get vaccinated by April 19, the remaining 10 percent will be eligible by May 1.
Biden’s remarks came as the country has seen a rise in new COVID-19 cases in 27 states.
Biden said cases are “going back” as people relax safeguards. Letting down guard could make the pandemic “worse,” he noted.
Biden vowed to direct governors to reinstate mask mandates.
Earlier this month, Biden said he would direct all states, tribes, and territories to make all adult Americans eligible for COVID-19 vaccines by May 1. ■