Connect with us

WORLD

တရုတ်နိုင်ငံအစိုးရ မှ ပါလက်စတိုင်းအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများ ရာမာလာမြို့သို့ရောက်ရှိ

ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံ လုပ်ငန်းတာဝန်ခံ ကော်ဝေ (ဘယ်) နှင့် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး Mai al-Kaila တို့က မတ်လ ၂၉ ရက်၌ ကျင်းပသော COVID-19 ရောဂါကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်ခဲ့စဉ်(ဆင်ဟွာ)

ရာမာလာ ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရ မှ ပါလက်စတိုင်းအား ကူညီထောက်ပံ့ပေးသည့် Sinopharm COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၉ ရက်၌ ရာမာလာမြို့သို့ရောက်ရှိခဲ့ပြီး ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံလုပ်ငန်းတာဝန်ခံ ကော်ဝေ နှင့် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး Mai al-Kaila တို့က ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနား၌ ကော်ဝေက အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံ မှ ပါလက်စတိုင်းအား ကာကွယ်ဆေးများ ကူညီထောက်ပံ့ပေးခဲ့ခြင်းသည် နှစ်နိုင်ငံခေါင်းဆောင်တို့၏ အရေးပါသော သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ လျင်မြန်စွာ ပါလက်စတိုင်းအား ကူညီထောက်ပံ့ပေးခဲ့ခြင်းသည် တရုတ်နိုင်ငံ ပြည်သူများ၏ ပါလက်စတိုင်း ပြည်သူများအပေါ်ထားရှိသည့် မေတ္တာသံယောဇဉ်ကို ထပ်မံပေါ်လွှင်စေခဲ့ပြီး နှစ်နိုင်ငံအတူတကွ ကပ်ရောဂါ တိုက်ဖျက်သည့် စာမျက်နှာသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင်ကော်ဝေက တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းနှင့်အတူတကွ လက်တွဲကြိုးပမ်းကာ စိန်ခေါ်မှုများကိုရင်ဆိုင်သွားလိုကြောင်း ၊ အတူတကွ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်သွားပြီး နှစ်နိုင်ငံချစ်ကြည်ဆက်ဆံရေး အဆက်မပြတ် အနှစ်သာရပြည့်ဝအောင်ဖြည့်စွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး Mai al-Kaila က အခမ်းအနား၌အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံ၏ ယခုအကြိမ်ကူညီထောက်ပံ့ပေးသော ကာကွယ်ဆေးများသည် ပါလက်စတိုင်း အနေဖြင့် လက်ရှိအချိန်ထိ တစ်ကြိမ်တည်းတွင်လက်ခံရရှိခဲ့သော ကာကွယ်ဆေးအရေအတွက်အများဆုံး ကူညီထောက်ပံ့မှုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ ကူညီထောက်ပံ့ပေးခြင်းက ပါလက်စတိုင်း COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ်အတွက် ကြီးမားသည့် ထောက်ခံအားပေးမှုဖြစ်စေမည်ဖြစ်ပြီး နှစ်နိုင်ငံအစဉ်အလာ ဆက်ဆံရေး နှင့် နက်ရှိုင်းသည့် သံယောဇဉ်ကိုလည်း ပေါ်လွင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Mai al-Kaila က ပါလက်စတိုင်းတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအနေဖြင့် ပထမဦးစွာ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး ပါလက်စတိုင်း ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တက်ကြွစွာထောက်ခံအားပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အရေးပေါ် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ အကြိမ်ကြိမ် ကူညီထောက်ပံ့ပေးခဲ့ခြင်းသည် တရုတ်နိုင်ငံက ပါလက်စတိုင်း၏ အယုံကြည်ရဆုံးသော ၊ အားကိုးရဆုံးသော သူငယ်ချင်းကောင်း ၊ ညီအကိုကောင်း နှင့် မိတ်ဆွေကောင်းဖြစ်ကြောင်း ကို အပြည့်အဝ သက်သေပြနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ ခိုင်မြဲစွာဆောင်ရွက်နေသော ကာကွယ်ဆေးအား ကမ္ဘာ့အများပြည်သူကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားရှိမည့် ကတိပြုချက် နှင့် ပါလက်စတိုင်းစသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအား နှောင်ကြိုးမဲ့ကူညီထောက်ပံ့မှုများအပေါ် ပါလက်စတိုင်းအနေဖြင့် မြင့်မားစွာ ချီးကျူးလိုကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းအနေဖြင့် ယခုလ ၂၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ပမာဏကြီးမားစွာ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့သည်။ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၂၉ ရက်ထုတ်ပြန်ကြေညာချက်အရ ပါလက်စတိုင်းတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၆၆,၇၂၀ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂,၈၅၂ ဦးရှိကာ ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၂၃၈,၇၃၄ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)
———————————
(Chinese Version)  
(国际疫情)中国政府援助巴勒斯坦新冠疫苗运抵拉姆安拉
2021-03-30 03:18:39 分类: 医药卫生
  新华社拉姆安拉3月29日电中国政府援助巴勒斯坦的国药集团新冠疫苗29日运抵巴勒斯坦城市拉姆安拉。中国驻巴勒斯坦办事处主任郭伟、巴勒斯坦卫生部长马伊•凯拉出席在巴卫生部举行的交接仪式。
  郭伟在致辞时表示,中方向巴方援助疫苗,是落实两国元首重要共识的最新举措。中国疫苗火速驰援,助力巴勒斯坦疫苗接种计划,再次体现了中国人民对巴勒斯坦人民的真挚情谊,谱写了中巴携手抗疫的新篇章。
  郭伟表示,中方愿同巴方一道努力,携手应对挑战,共同构建人类命运共同体,为中巴友好关系不断注入新内涵。
  凯拉在仪式上表示,中方此次援助的疫苗是巴方迄今为止一次性收到的数量最多的新冠疫苗捐助。中国疫苗驰援巴勒斯坦,为巴勒斯坦实施新冠疫苗接种计划提供了极大支持和帮助,体现了巴中两国传统关系和深情厚谊。
  凯拉说,巴勒斯坦疫情暴发以来,中国率先伸出援手,积极支持巴勒斯坦抗击疫情,多批次援助急需抗疫物资,充分表明中国是巴勒斯坦最可靠、最值得信赖的好朋友、好兄弟、好伙伴。巴勒斯坦高度赞赏中国坚定履行将疫苗作为全球公共产品的庄严承诺,以负责任态度和实实在在举措,向巴勒斯坦等发展中国家提供无私帮助。
  巴勒斯坦本月21日在全国启动大规模新冠疫苗接种。巴勒斯坦卫生部29日公布的数据显示,该国累计新冠确诊病例266720例,累计死亡病例2852例,累计治愈病例238734例。(完)

Photo
3月29日,在约旦河西岸城市拉姆安拉,中国驻巴勒斯坦办事处主任郭伟(左)、巴勒斯坦卫生部长马伊•凯拉出席新冠疫苗交接仪式。新华社发(艾曼•努巴尼摄)