ပေကျင်း၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ တစ်နိုင်ငံလုံး ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် ဆောင်းဦးလလယ် လမုန့်ပွဲတော် ပိတ်ရက်ကာလတွင် အပြင်ထွက်သွားလာခြင်းကို လျှော့ချရန်နှင့် အခြားဒေသသို့ သွားရောက်၍ ဆွေမျိုးမိတ်ဆွေများနှင့်ဆုံစည်းခြင်းကို ရှောင်ရှားကြရန် တောင်ကိုရီးယားနိုင်ငံ အစိုးရက စက်တင်ဘာ ၆ ရက်တွင် တိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၀,၈၀၂ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၁,၀၁၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။
ဖနွမ်းပင် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်မှုကြောင့် ၆ လကြာ ကျောင်းပိတ်ထားခဲ့ရပြီးနောက် ယနေ့စက်တင်ဘာ ၇ ရက်တွင် တစ်နိုင်ငံရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူ ယခုနှစ်အတွင်း ၄ သိန်း ၁သောင်းအထိ ရှိလာနိုင်ကြောင်းနှင့် ဗြိတိန်နိုင်ငံတွင် တံတွေးမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု နည်းပညာအား ဆက်လက် စမ်းသပ် အသုံးပြုလျက်ရှိကြောင်း စက်တင်ဘာ ၅ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် ရောက်ရှိချိန်တွင် အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၁၀,၀၀၀ သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ ဝါရှင်တန် တက္ကသိုလ်...
ဝါရှင်တန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အတွက် ထည့်ဝင်ထားသော ရန်ပုံငွေကို အခြား ကုလသမဂ္ဂအတွက် ထည့်ဝင်ငွေများအဖြစ် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပြီး ယင်းအဖွဲ့၌ အမေရိကန် ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဆော်ပေါ်လို ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဘရာဇီး နိုင်ငံ အမျိုးသား ပထဝီ နှင့် စာရင်းအင်း အေဂျင်စီ ၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ကြေညာချက် အရ COVID-19 ကပ်ရောဂါ ကြောင့် ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ရသဖြင့် ဘရာဇီး နိုင်ငံ...
မော်စကို၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်အထိ COVID-19 ရောဂါ စုစုပေါင်း အတည်ပြုလူနာအရေအတွက်သည် ၁ သန်း ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ စာသင်နှစ်သစ်အတွက် ရုရှားအစိုးရအနေဖြင့် စာသင်ကျောင်း ရောဂါထိန်းချုပ်ရေး သတ်မှတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ကန်ဘာရာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် ဇွန်လ သုံးလပတ်တွင် ၇.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အကြီးမားဆုံး သုံးလပတ်ကျဆင်းမှု မှတ်တမ်းဝင်သွားကြောင်း စက်တင်ဘာ ၂ ရက်တွင် ဩစတြေးလျနိုင်ငံ စာရင်းအင်းဗျူရို (ABS) က ထုတ်ပြန်သည့် စာရင်များအရ သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားသူဦးရေသည် စက်တင်ဘာ ၃ ရက်၌ ၃,၈၅၃,၄၀၆ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူဦးရေမှာလည်း ၆၇,၃၇၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။