Connect with us

WORLD

အမေရိကန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ယခုနှစ်အတွင်း ၄ သိန်း ၁ သောင်းအထိ ရှိလာနိုင် ၊ ဗြိတိန်တွင် တံတွေးမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု နည်းပညာ ဆက်လက် စမ်းသပ် အသုံးပြု

ကပ်ရောဂါကာလ ဗြိတိန်နိုင်ငံတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများ၏ မြင်ကွင်းများအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူ ယခုနှစ်အတွင်း ၄ သိန်း ၁သောင်းအထိ ရှိလာနိုင်ကြောင်းနှင့် ဗြိတိန်နိုင်ငံတွင် တံတွေးမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု နည်းပညာအား ဆက်လက် စမ်းသပ် အသုံးပြုလျက်ရှိကြောင်း စက်တင်ဘာ ၅ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စက်တင်ဘာ ၅ ရက် ဗဟိုဥရောပစံတော်ချိန်(CET)  ၁၄ နာရီ ၄၅ မိနစ် အထိ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါအတည်ပြုလူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၉၆,၀၃၂ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၆,၀၂၇ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၂၆,၄၆၈,၀၃၁ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၈၇၁,၁၆၆ ဦး အသီးသီး ရှိကြောင်း သိရသည်။  

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပေကျင်း စံတော်ချိန် စက်တင်ဘာ ၆ ရက် ၇ နာရီ ၂၈ မိနစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်း COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၆,၇၃၇,၆၄၆ ဦး၊  စုစုပေါင်း သေဆုံးသူ ၈၇၆,၉၂၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင်  ကိုဗစ် အတည်ပြုလူနာနှင့် သေဆုံးသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၆,၂၄၂,၀၃၉ ဦး နှင့် သေဆုံးသူ ၁၈၈,၅၀၁ ဦး ရှိကြောင်း သိရသည်။

ကပ်ရောဂါကာလ ဗြိတိန်နိုင်ငံတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများ၏ မြင်ကွင်းများအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(၂)သတင်းအချက်အလက် စုစည်းချက်များ

အမေရိကန်နိုင်ငံ ဝါရှင်တန် တက္ကသိုလ် ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်း အကဲဖြတ်သုတေသနဌာန၏ နောက်ဆုံး ထုတ်ပြန်သည့် ကိုဗစ်ကပ်ရောဂါ ကြိုတင်ခန့်မှန်းချက်ရလဒ်များအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီ  ၁ ရက် အထိ အမေရိကန်နိုင်ငံတွင် COVID-19ကြောင့် သေဆုံးသူ ၄ သိန်း ၁ သောင်းအထိ ရှိလာနိုင်ကြောင်း သိရသည်။ 

တံတွေး၊သွားရည် နမူနာမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် အမြန် စစ်ဆေးမှု နည်းပညာတစ်မျိုးကို ဗြိတိန်နိုင်ငံ ဆောက်သမ်တန်မြို့ ရှိ စာသင်ကျောင်း အများအပြား၌ ယခုရက်ပိုင်းတွင် ဒုတိယအဆင့် စမ်သပ်အသုံးပြုများပြုမည်ဖြစ်ပြီး ထိုသို့ စစ်ဆေးမှု၏ ထိရောက်မှုကို ထပ်မံတစ်ဆင့်စမ်းသပ် အတည်ပြု သွားမည်ဖြစ်ကြောင်း  ဗြိတိန် University of Southampton က ပြီးခဲ့သည့် ရက်များတွင် ပြောကြားခဲ့သည်။ ရောဂါစစ်ဆေးမည့်သူများသည် တံတွေးကို နမူနာပြွန်တွင် ထည့်ကာ သတ်မှတ်သည့်နေရာ ထားခြင်း သို့မဟုတ် သီးသန့် အိမ်တိုင်ရာရောက် တံတွေးနမူနာလာယူသူများကို ပေးရမည်ဖြစ်ကြောင်း ၊ ဓါတ်ခွဲခန်းစမ်းသပ်မှုအဖြေကို ၄၈ နာရီ အတွင်း ရမည် ဖြစ်ကြောင်း သိရသည်။ 

ကပ်ရောဂါကာလ ဗြိတိန်နိုင်ငံတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများ၏ မြင်ကွင်းများအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တရားဝင်အသုံးပြုနိုင်သည့်အခါ ကနဦးကာလတွင် ပံ့ပိုးမှုပမာဏ အကန့်အသတ်ရှိသောကြောင့် ဦးဆုံးအနေဖြင့် နိုင်ငံအားလုံးရှိ အထူးသတ်မှတ်ထားသည့်လူများကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး နိုင်ငံတစ်ချို့၏ လူအားလုံးကို ကာကွယ်ဆေးထိုးပေးမည်မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ 

ကပ်ရောဂါကာလ ဗြိတိန်နိုင်ငံတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများ၏ မြင်ကွင်းများအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကပ်ရောဂါကာလ ဗြိတိန်နိုင်ငံတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများ၏ မြင်ကွင်းများအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်အစိုးရဝဘ်ဆိုက်၏ စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်များအရ ပြင်သစ်နိုင်ငံတွင်  ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၀၉,၁၅၆ ဦးရှိကြောင်း ၊ ပြီးခဲ့သည် ၂၄ နာရီအတွင်း အသစ်ထပ်တိုးလူနာ ၈,၉၇၅ ဦးရှိရာ ၎င်းမှာ မေ ၁၁ ရက်က ပိတ်ဆို့မှုများ ဖြေလျှော့ခဲ့ပြီးနောက် တစ်ရက်အတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ အရေအတွက် အများဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်ဘာ ၁ ရက်က စာသင်ကျောင်းများ ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ကိုဗစ်ကူးစက်မှုများရှိသောကြောင်း မဖြစ်မနေ ပြန်လည် ပိတ်ခဲ့ရကြောင်း သိရသည်။ 

အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၄ ရက် ပြောကြားချက်များအရ အီရတ်တွင် ထိုနေ့က အသစ်ထပ်တိုးလူနာ ၅,၀၃၆ ဦး ရှိရာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း လူနာထပ်တိုးမှုအများဆုံးမှတ်တမ်းဝင်သော နေ့တစ်နေ့ ဖြစ်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၄ ရက်အထိ အီရတ်နိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၂၅၂,၀၇၅ ဦး၊ စုစုပေါင်း သေဆုံးသူ ၇,၃၅၉ ဦး၊ ရောဂါ သက်သာပျောက်ကင်းသူ စုစုပေါင်း ၁၉၁,၃၆၈ ဦး အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.