Connect with us

WORLD

ဘရာဇီး နိုင်ငံ ၏ ယခုနှစ် ဒုတိယ ရာသီ စီးပွားရေး ၉.၇ ရာခိုင်နှုန်း ကျဆင်း

ဘရာဇီး နိုင်ငံ ၌ COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ပြည်သူများ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆော်ပေါ်လို ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ အမျိုးသား ပထဝီ နှင့် စာရင်းအင်း အေဂျင်စီ ၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ကြေညာချက် အရ COVID-19 ကပ်ရောဂါ ကြောင့် ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ရသဖြင့် ဘရာဇီး နိုင်ငံ ၏ ယခုနှစ် ဒုတိယ ရာသီ GDP သည် ၉.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယင်းမှာ ၁၉၉၆ ခုနှစ် နောက်ပိုင်း စီးပွားရေး ကျဆင်းမှု အကြီးမားဆုံး ဖြစ်ပွား ခဲ့သည့် ရာသီ ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက် စာရင်းများအရ ကုန်ထုတ်လုပ်မှု တန်ဖိုးကျဆင်းမှု သည် အကြီးမားဆုံး ဖြစ်ပြီး ၁၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၊ ဝန်ဆောင်မှုလုပ်ငန်း တန်ဖိုး ကျဆင်းမှု က ၉.၇ ရာခိုင်နှုန်း ဖြစ်ပြီး ယင်းကျဆင်းမှု နှစ်ရပ်လုံးသည် ၁၉၉၆ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော စီးပွါးရေးကျဆင်းမှုများ ဖြစ်ကြကြောင်း ၊ စိုက်ပျိုးရေးလုပ်ငန်း တန်ဖိုး ကျဆင်းမှုမှာ ဝ.၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

ဘရာဇီး နိုင်ငံ ၌ COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ပြည်သူများ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ၌ COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ပြည်သူများ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ၌ COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ပြည်သူများ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ၏ ယခုနှစ် ဒုတိယ ရာသီ GDP ကျဆင်းမှု သည် ယခင်နှစ်ဖြင့် နှိုင်းယှဉ်ပါက ၁၁.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ၊ ဘရာဇီးနိုင်ငံ ၏ ယခုနှစ် ပထမ ရာသီ GDP တိုးတက်မှု နှုန်းကို အနှုတ် ၁.၅ ရာခိုင်နှုန်း မှ အနှုတ်၂.၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း ၊ ၂၀၁၉ ခုနှစ် ပထမ နှစ်ဝက် ဖြင့် နှိုင်းယှဉ်ပါက ယခုနှစ် ပထမ နှစ်ဝက် ၏ GDP သည် ၅.၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ၊ ယခင်နှစ် ပထမ နှစ်ဝက်ဖြင့် နှိုင်းယှဉ်ပါက ကုန်ထုတ်လုပ်မှု တန်ဖိုး နှင့် ဝန်ဆောင်မှုလုပ်ငန်း တန်ဖိုး သည် ၆.၅ ရာခိုင်နှုန်း နှင့် ၅.၉ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားခဲ့ပြီး စိုက်ပျိုးရေး လုပ်ငန်း တန်ဖိုး သည် ၁.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။  (Xinhua)