Connect with us

WORLD

တရုတ်နိုင်ငံမှ အီဂျစ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံမှ အီဂျစ်နိုင်ငံသို့ ပေးအပ်လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများအား မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ အီဂျစ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေ ၁၀ ရက်က အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတွင် ကျင်းပခဲ့သည်။

အဆိုပါ အထောက်အပံ့ပစ္စည်းများတွင် N95နှာခေါင်းစည်း၊ PPEဝတ်စုံ၊ Nucleic acid detection စသည်တို့ပါဝင်ကြောင်း သိရသည်။အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး လျောက်လိချန်က  အီဂျစ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးကို တရုတ်နိုင်ငံအနေဖြင့် ခိုင်မာစွာ အစဉ်အမြဲ ထောက်ခံအားပေးလျက် ရှိကြောင်း ၊ နှစ်နိုင်ငံ လက်တွဲပူးပေါင်းဆောင်ရွက်မှုသည် လက်ရှိအခက်အခဲကို တိုက်ဖျက်ကျော်လွှား နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ အီဂျစ်နိုင်ငံသို့ ပေးအပ်လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး  အထောက်အပံ့ပစ္စည်းများအား မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အီဂျစ်နိုင်ငံသို့ ပေးအပ်လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး  အထောက်အပံ့ပစ္စည်းများအား မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်နယ်နှင့်မြို့အသီးသီးရှိ အစိုးရများ၊ လူမှုအဖွဲ့အစည်းများနှင့် ကုမ္ပဏီလုပ်ငန်းများက အီဂျစ်နိုင်ငံသို့ ကပ်ရောဂါ တိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများ တစ်တပ်တစ်အား လှူဒါန်းလျက်ရှိရာ ပထမအသုတ်အနေဖြင့် ဂျက်မားဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့မှ လှူဒါန်း သော ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများသည် အီဂျစ်သို့ ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း ၊ တတိယအသုတ် ထောက်ပံ့ရေးပစ္စည်းများသည်လည်း မကြာမီကာလအတွင်း ကိုင်ရိုမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံမှ အီဂျစ်နိုင်ငံသို့ ပေးအပ်လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး  အထောက်အပံ့ပစ္စည်းများအား မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အီဂျစ်နိုင်ငံသို့ ပေးအပ်လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး  အထောက်အပံ့ပစ္စည်းများအား မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အီဂျစ်နိုင်ငံသို့ ပေးအပ်လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး  အထောက်အပံ့ပစ္စည်းများအား မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန လက်ထောက်ကျန်းမာရေးဝန်ကြီး Wael al-Sa’eiက အီဂျစ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ကူညီပံ့ပိုးမှုများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ယခု ကပ်ဘေးကြီးကို ကျော်လွှားပြီးနောက် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများသည် လည်း ပို၍ နက်ရှိုင်းလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ အီဂျစ်နိုင်ငံသို့ ပေးအပ်လှူဒါန်းသော ပထမအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများသည် ဧပြီ ၁၆ ရက်တွင် ကိုင်ရိုမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.