WORLD
အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဆေးရုံမီးလောင်မှုဖြစ်ပွားရာ လူနာ ၁၃ ဦးသေဆုံး
မွမ်ဘိုင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ဧပြီ ၂၃ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး COVID-19 လူနာ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မွမ်ဘိုင်းမြို့မှ မြောက်ဘက် ၇၄ ကီလိုမီတာခန့်ကွာဝေးသော ဗီရာမြို့ရှိ အဆိုပါ ဆေးရုံတွင် ဒေသစံတော်ချိန် နံနက် ၃:၁၅ နာရီက မီးလောင်မှုဖြစ်ပွားစဉ် လူနာ ၉၀ ဦးတက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။
အသက်ရှင်ကျန်ရစ်သောလူနာများအား နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုနေရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ ဆေးရုံ၏ အထူးကြပ်မတ်ဆောင်ရှိ လေအေးပေးစက်ယူနစ် ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား ဒေသစံတော်ချိန် နံနက် ၅:၃၀ နာရီအထိ ငြှိမ်းသတ်ခဲ့ရကြောင်း သဘာဝဘေး စီမံခန့်ခွဲမှုအရာရှိ အဆိုအရ သိရသည်။
ပြီးခဲ့သည့်လက မွမ်ဘိုင်းမြို့ရှိ COVID-19 စောင့်ရှောက်ရေးဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာ ၉ ဦးသေဆုံးခဲ့ပြီး ဧပြီ ၂၁ ရက်ကလည်း မွမ်ဘိုင်းမြို့မှ ၁၆၇ ကီလိုမီတာအကွာ နာရှစ်ခ်မြို့ရှိ ဆေးရုံတစ်ခုတွင် အောက်ဆီဂျင်သိုလှောင်ကန်အတွင်း ယိုစိမ့်မှုဖြစ်ပွားပြီးနောက် အောက်ဆီဂျင်ပေးပို့မှု လျော့နည်းခဲ့ရာ လူ ၂၉ ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် COVID-19 ဒုတိယလှိုင်းအတွင်း အောက်ဆီဂျင်ပံ့ပိုးမှု ပြတ်လပ်ခြင်းနှင့် ရင်ဆိုင်နေရကာ လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားသူ ၂.၃ သန်းနီးပါးရှိလာပြီး သေဆုံးသူမှာလည်း ၁၈၄,၆၅၇ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
13 patients killed in hospital fire in western India
2021-04-23 11:54:45
MUMBAI, April 23 (Xinhua) — At least 13 COVID-19 patients have been killed after a fire broke out at a private hospital near India’s financial capital Mumbai in the early hours of Friday, hospital officials said.
There were altogether 90 patients when the fire took place in the hospital, which is located at Virar, about 74 km north of Mumbai, at about 03:15 a.m. local time.
The surviving patients have been shifted to a nearby healthcare facility.
The fire, preceded by an explosion in the air-conditioner unit of the intensive care unit of the hospital, was extinguished by 5:30 a.m. local time, according to a disaster management official.
Last month, a fire at a COVID-19 care hospital in Mumbai led to the deaths of nine patients, while earlier this week on Wednesday, low oxygen supply after leakage in the tank led to 29 deaths in a civic-run hospital at Nashik, 167 km away from Mumbai.
India has been facing a shortage of oxygen supply in the midst of a second wave of COVID-19 wave and so far, has close to 2.3 million active cases with 184,657 deaths. Enditem
People line up for the COVID-19 vaccine at a stadium in Guwahati, India, on April 22, 2021. India’s COVID-19 tally reached 15,930,965 on Thursday as a record single day spike of 314,835 new cases was recorded in the country. (Str/Xinhua)