ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ စပါးစိုက်ဧက ၇၂၀၀၀ကျော်အတွက် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နည်းပညာ၊ မျိုးစပါးနှင့် ရိတ်သိမ်းခြွေလှေ့စက်များကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု (၈) အုပ်စုရှိ တောင်သူ (၁၉၄) ဦး၏ မိုးစပါးစိုက်ဧက (၄၉၂) ဧက ရေနစ်မြုပ်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။
နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) သဘာ၀ ဘေးအန္တရာယ်များအား အချိန်မီ တုံ့ပြန်နိုင်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမို ထိရောက်စေရန်အတွက် မောင်းသူမဲ့ လေယာဉ်ဖြင့် မြေပုံတိုင်းတာ ရေးဆွဲခြင်း အဖွဲ့နှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု လျှော့ချရေးအဖွဲ့ကို စတင် ဖွဲ့စည်း၊ မိတ်ဆက်သည့် အခမ်းအနားကို...
နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတကာ ဈေးကွက်တွင် အတိုင်းအတာတစ်ခုအထိ နေရာရရှိ အောင်မြင်နေသည့် မြန်မာ ကော်ဖီအား ရေရှည် အောင်မြင်စေရန် အားလုံးပါဝင် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မိုးစပါး ဧက လေးသိန်းကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ စပါးစိုက်ပျိုးရေးကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီးက သုံးပုံတစ်ပုံ တာဝန်ယူထားသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၏ ၂ဝ၁၇ ခုနှစ် မိုးစပါးဧက ၃၇ သိန်းကျော် စိုက်ပျိုးရာတွင် ဖျာပုံခရိုင်သည် ၃ဝ ရာခိုင်နှုန်းကျော် တာဝန်ယူစိုက်ပျိုး မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ဧကပေါင်း ၁၂၅၁၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေပြည်တော်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) လယ်ယာမြေ တရားဝင် ဝယ်ယူပြီးသော်လည်း ဝယ်သူ အမည်ပေါက် ပုံစံ(၇) မရသေးသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ မရရှိခြင်း၊ အချိန်မီ စိုက်ပျိုးခွင့် မရခြင်း တို့ ကြုံတွေ့နေရသော လယ်သမား များအတွက် ပုံစံ (၇) အမြန်ရရှိစေရန် ဝန်ကြီးဌာနက ထိထိရောက်ရောက်...
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ၏ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးပင်မစီမံကိန်း (Agriculture Master Plan) ရေးဆွဲလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ...
နေပြည်တော်၊ မေ ၅ ရက် (ဆင်ဟွာ) သမဝါယမ ဦးစီးဌာနသည် အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း လယ်ထွန်စက် အစီး သုံးထောင်ကျော်ကို တောင်သူများအား အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဖြူက မီဒီယာသို့ယနေ့ ဖြေကြားခဲ့သည်။