Connect with us

Agriculture

လယ်မြေ ဧက လေးသိန်းကျော်တို့ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့  လွှတ်တော် အစည်းအဝေးတွင် ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

သစ်တောနယ်မြေအတွင်း နှစ်ကာလတစ်ခုအထိ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်နေသော လယ်မြေများအနက် ကောက်ယူရရှိပြီးသော စာရင်းများတွင်ပါဝင်သည့် ဧက လေးသိန်းကျော်ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“သစ်တောမြေအတွင်း နှစ်ကာလ အတိုင်းအတာ တစ်ခုအထိ ကျူးကျော် အခြေချ နေထိုင်တဲ့ ရွာစုနဲ့အိမ်ထောင်စုများအား နိုင်ငံတော် သမ္မတရုံးရဲ့ လမ်းညွှန်ချက်အရ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရေးအတွက် မြေပြင် စာရင်းကောက်ယူခြင်း လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်၊ ၂၀၁၃ မတ်လမှာ စာရင်းကောက်ယူရရှိသော သစ်တော ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောများ အတွင်းရှိ လယ်မြေ စုစုပေါင်း ၄၁၉၈၆၅ ဒသမ ၂၄ ဧကတို့ကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၏ သစ်တောမြေများအတွင်း အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်နေသော လယ်မြေများအား ဌာနမှ စွန့်လွှတ်ပေးရန်နှင့် သီးနှံ – သစ်တော ရောနှောစိုက်ခင်းများ ဆောင်ရွက်ထားသည့် အစီအစဉ် ရှိ မရှိ ဟူသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

မြေပြင် စာရင်းကောက်ယူရာတွင် အဆင့် လေးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ ပထမအဆင့်တွင် အိမ်ခြေ ငါးဆယ်နှင့် အထက် ပြည်ထဲရေး အမည်ပေါက် ရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာ/ အများပိုင် မြေများကို သစ်တောနယ်မြေ အဖြစ်မှ ပယ်ဖျက်ခြင်း၊ ဒုတိယအဆင့်တွင် အိမ်ခြေ ငါးဆယ်နှင့်အထက် ပြည်ထဲရေး အမည် မပေါက် ရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာ/ အများပိုင် မြေများကို လည်း ကောင်း၊ တတိယအဆင့်တွင် အိမ်ခြေ ငါးဆယ်အောက် ပြည်ထဲရေး အမည် မပေါက် ရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာ/ အများပိုင် မြေများကို လည်းကောင်း၊ စတုတ္ထအဆင့်တွင် အိမ်ခြေ ငါးဆယ် အောက် ပြန့်ကျဲ အိမ်ထောင်စုများနှင့် ဝင်ရောက်ကျူးကျော်သည့် လယ်မြေများကို လည်းကောင်း သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခု လယ်ဧက လေးသိန်းကျော်မှာ အဆိုပါ အဆင့် လေးမျိုး စာရင်း ကောက်ယူ ပယ်ဖျက်ပေးခြင်းမှ စုစုပေါင်း လယ်ဧကများ ဖြစ်ကြောင်းသိရသည်။

သီးနှံ – သစ်တော ရောနှော စိုက်ပျိုးခြင်းအတွက် ၂၀၁၃ ခုနှစ် မတ်လတွင် ကောက်ယူခဲ့သော စာရင်းများအရ စိုက်ပျိုးခွင့် ပြုခဲ့ရာ ၂၀၁၇ ခုနှစ် ဇူလိုင်လကုန်အထိ ၁၅၁၁၆၂ ဧကအတွက် လုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်များ ထုတ်ပေးပြီး ဖြစ်ကြောင်း၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွင်းတွင် သစ်တောမြေအတွင်းရှိ ယာမြေ ၇၁၃၇၅ ဧကကို ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ် ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကျန်သည့် ယာမြေ ဧရိယာ ၆၂၉၃၄၁ ဧကကို ၂၀၁၇ – ၁၈ မှ ၂၀၂၆ – ၂၇ ခုနှစ်အထိ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း အစီအစဉ်ဖြင့် သီးနှံ – သစ်တော စိုက်ပျိုးခြင်း နည်းစနစ်ဖြင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.