ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်၊ ကန်၊ တမံ ၇၄ ခုမှ တောင်သူများစိုက်ပျိုးမည့် မိုးစပါး စိုက်ဧက ၃၃၀၀၀၀ ကို ရေလိုအပ်ချက်မရှိ ပြည့်ဝစွာ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ပြည်တွင်းစားသုံးမှုဆန်ဖူလုံစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မြို့နယ် ကိုး မြို့နယ်၌ ၂ဝ၁၈-၂ဝ၁၉ မိုးရာသီတွင် မိုးစပါး ၇၉၈,၁၉၁ ဧကအား လျာထားကာ ဒေသနှင့်ကိုက်ညီသော မျိုးစပါးများ ကို ထွန်ယက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ မေလ ၃၀ ရက် (ဆင်ဟွာ) GAP (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုအမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂ဝ၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း ၁၆၉၈ဝ ထုတ်ချေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) နိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝ ခု၌ စပါးသိုလှောင်ရေး စင်တာများ တည်ဆောက်ရန် တောင်းဆိုထားကြောင်း ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။
နေပြည်တော်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍထုတ်ကုန်သီးနှံများအား ဝယ်သူ့ ဈေးကွက် အဆင်းတွင် ၇ှိနေသော လက်ရှိ အခြေအနေကို ရောင်းသူ့ ဈေးကွက်အဆင့်သို့ ရောက်ရှိလာစေရေး အတွက် လူငယ် စိုက်ပျိုးရေး ပညာရှင်များက စွမ်းဆောင်သွားကြရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ...
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်းရှိ ကိုင်းကြီးကျေးရွာရှိ ကိုင်းကြီးဆည်သည် ၈၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပိုင်ရှင်မဲ့မိုးစပါးများအား ရိတ်သိမ်း၊ရောင်းချပြီးလျှင် မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူများ ဆောင်းသီးနှံ များအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေကျပ်(၄၅၃ဝဝ.၉၅)သန်းအား ထုတ်ချေးပေးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာ့ကျွဲကော အထွက်နှုန်း တိုးစေရန် နှင့်နိုင်ငံတကာ သို့တင်ပို့နိုင်စေရန် ရည်ရွယ်ကာ ကျွဲကောအများဆုံး စိုက်ပျိုးရာဒေသများတွင် ကျွဲကောဇုန်များတည်ထောင် သွားရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။