နေပြည်တော်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ကျေးလက်နေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားလာရေး အတွက် စိုက်ပျိုးရေးနှင့် အတူ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများကိုပါ တွဲဖက် လုပ်ကိုင်စေသည့် အစီအစဉ်များကို ဦးစားပေးအဆင့် သတ်မှတ် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား...
နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၁,၇၀၀ ဘီလီယံ ထုတ်ချေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ရွှေဘိုခရိုင် အတွင်း စီးပွားဖြစ် ငါးမွေးကန်များ ရေဖိုးအခွန် ၆.၃၁၉ ဘီလီယံကျပ် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေကြောင်း ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ညောင်ဦးခရိုင်အတွင်း မိုးစပါးအပါအဝင် စပါးဧက ၆ သိန်းကျော် စိုက်ပျိုးမည် ဖြစ်ကြောင်း ညောင်ဦး ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် မိုးစပါး (၂၇,၈၄ဝ) ဧကစိုက်ပျိုးသွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) စစ်ကိုင်း တိုင်းဒေသကြီးတွင် ဆန်ဖူလုံစွာ စားသုံးနိုင်ရန်နှင့် ပိုလျှံသော စပါးများကို တင်ပို့ ရောင်းချနိုင်ရေး အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မိုးစပါးဧက (၁,၈၄၈,၆၆ဝ)ကို ခရိုင် (၁ဝ) ခု တို့တွင် စိုက်ပျိုးနိုင်ရေး လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး...
နေပြည်တော် ၊ မေ ၂၃ ရက် (ဆင်ဟွာ) ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ် ချေးငွေ အတွက် ငွေကျပ် ဘီလီယံ ၅၀၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူရန် ယနေ့မေလ ၂၃ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပသု့ိ ဆန်တန်ချိန် နှစ်သန်းတင်ပို့ရန် မျှော်မှန်းထားပြီး ဈေးကွက်သစ် ရှာဖွေနိုင်ပါက ၂ဝ၂ဝ ပြည့်နှစ်တွင် ပြည်ပသု့ိ ဆန်တန်ချိန် လေးသန်းခန့် တင်ပို့နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်ယခင်နှစ်က တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်...
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ယခုနှစ် နွေရာသီတွင် အပူရှိန် မြင့်တက်မှုကြောင့် ပုစွန် သားဖောက် စခန်းများ၌ ပုစွန်သားပေါက်များ အသေအပျောက် များပြား နေသဖြင့် ဇွန်လဆန်း ပိုင်းအထိ ခေတ္တ ပိတ်သိမ်းထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) မုံရွာ ကြက်မွေးမြူရေးဇုန်အတွင်း H9N2 ရောဂါပိုးသစ် တွေ့ရှိရသဖြင့် ရောဂါကင်း၍အသေ အပျောက် မရှိသေးသော ကြက်ခြံများကို စောင့်ကြည့်၍ ဇီဝလုံခြုံရေးကို ယခင် ထက် အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။