Agriculture
ကုန်သည်စက်မှုအသင်းချုပ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ နှင့် ပူးပေါင်း၍ စိုက်ပျိုးရေးစီမံကိန်း ရေးဆွဲ
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ၏ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးပင်မစီမံကိန်း (Agriculture Master Plan) ရေးဆွဲလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု၌ ဆောင်ရွက်ရန်ရှိသော လယ်ယာကဏ္ဍစီမံကိန်းများအား ထိုစီမံကိန်းတွင် ထည့်သွင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ အကျိုးပြု စီမံကိန်းများ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့် အသင်းချုပ်၏ ကုမ္ပဏီရေးရာဌာန ဖုန်း-၀၉၄၅၀၂၀၀၆၇၀ နှင့် အီးမေလးလ် [email protected] သို့ စီမံကိန်းအချက်အလက်များ ပေးပို့တင်ပြနိုင်ပါကြောင်း နှင့် ကော်မတီမှ စိစစ်သုံးသပ်ပြီး စိုက်ပျိုးရေးမဟာစီမံကိန်း တွင် ထည့်သွင်းဖော်ပြမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ အသိပေးအကြောင်းကြားစာထုတ်ပြန်ခဲ့သည်။ (Xinhua)