Agriculture
ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများ အချိန်မီ စပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကူညီပေးသွားမည်
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
ရေကြီးနစ်မြုပ်၍ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လယ်မြေများ အချိန်မီ စပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လယ်မြေများ အချိန်မီ စပါးပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ရုံးဖုန်း များဖြစ်သည့် ဝ၁-၂၁၈၂၆၆-၆၈၊ ဝ၁-၂၃ဝ၁၁၂၈-၂၉ တို့သို့ ဆက်သွယ် နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်း အောင်က ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေအပေါ် ”ရေကြီး ရေလျှံမှု ဖြစ်ပေါ်တဲ့ဒေသတွေမှာ အခုကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်နေကြတယ်။ ရေပြန်ကျသွားပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ဆန်စပါး အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်မှုမရှိအောင် ကျွန်တော်တို့ အသင်းချုပ်အနေနဲ့ ကူညီသွားမှာပါ။’’ ဟုပြောသည်။
ယနေ့ အခက်အခဲဖြစ်ပေါ် တဲ့ တောင်သူလယ်သမားများ အတွက် လိုအပ်သည့် သွင်းအားစုများအား ကူညီပံ့ပိုးသွားမည် ဆိုသည့် အကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေ နှင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ကူညီပေးဖို့လည်း တိုက်တွန်းနှိုးဆော် သည့် သဘောလည်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)